ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ


1

    ဟာသလေးတွေပါ

    Share


    Points : 0
    Join date : 1969-12-31

    ဟာသလေးတွေပါ

    Post   on Tue Sep 07, 2010 8:35 am

    ဆွေမျိုး

    ''ရဲဘော်တို့ တပ်မတော်ဟာ ငါတို့ရဲ့မိခင်ပဲဖြစ်တယ်၊တပ်သားမောင်မြ တပ်မတော်ဟာ
    မင်းရဲ့ဘာလဲ''

    ''ကျွန်တော့် မိခင်ပါ'' ''ဟုတ်တယ်၊ကဲတပ်သားမောင်အ ပြောစမ်း''

    ''တပ်မတော်မှာ မောင်မြရဲ့အမေပါ'' ''ဟာ တပ်မတော်ဟာ မောင်မြရဲ့ မိခင်ဖြစ်သလို
    မင်းရဲ့မိခင်လည်းဖြစ်တယ်ပြန်ပြော''

    ''ဟုတ်ကဲ့ ကျွန်တော်ဟာ မောင်မြရဲ့ ညီဖြစ်ပါတယ်''

    ထင်သလောက်မဟုတ်ပါဘူး

    ခရီးသွားအဖွဲ့တစ်သည် တနေရာတွင်
    လူတစ်ယောက်နှင့်ခွေးတစ်ကောင်စစ်တုရင်ကစားနေသည်ကိုတွေ့လိုက်

    ရသဖြင့် အံ့ဩစွာဖြင့် ထိုလူကိုမေးလိုက်သည်၊

    ''ဒီခွေးကစစ်တုရင်တောင်ထိုးတတ်တယ်
    ဆိုတော့တော်တော်ဉာဏ်ကောင်းမှာပဲနော်''

    ''ဟာ ခင်ဗျားတို့ထင်သလောက်မဟုတ်ပါဘူး အခုတစ်ပွဲစီ သရေကျနေတယ်''

    တတ်အောင်သင်လိုက်တယ်

    တစ်ခါက ဓားပြတစ်ဖွဲ့သည် အင်္ဂလိပ်လူမျိုး၊ပြင်သစ်လူမျိုး၊မြန်မာလူမျိုး
    သုံးယောက်ကိုဖမ်းမိသည်။

    ထို့နောက်တစ်ယောက်စီကို အခန်းတစ်ခန်းစီတွင် မျောက်မတစ်ကောင်စီနှင့်ထားသည်။

    အစားအသောက်အပြည့်အစုံနှင့်ထားပြီး တစ်နှစ်အတွင်း
    မျောက်မကိုစကားပြောတတ်အောင်သင်ခိုင်းသည်။

    တစ်နှစ်ကြာလို့မှ စကားမပြောတတ်လျှင် အသက်ခံရမည်ဖြစ်သည်။

    တစ်နှစ်ကြာသော် အင်္ဂလိပ်၏အခန်းကိုသွားစစ်သည်၊
    အင်္ဂလိပ်သည်မျောက်မနှင့်ညစာအတူစားနေသည်

    ''ဒီမျောက်မက စကားမသင်ချင်ဘူးဗျ'' အင်္ဂလိပ်ကိုသတ်လိုက်သည်

    ပြင်သစ်၏အခန်းကိုသွားစစ်သည်၊ပြင်သစ်သည်မျောက်မနှင့်အတူအရက်ထိုင်သောက်နေသည်


    ''ဒီကောင်မက ပြင်သစ်စကားကိုမလေးစားဘူးဗျ သူစကားမပြောတတ်သေးဘူး''

    ပြင်သစ်ကိုသတ်လိုက်သည်။နောက်ဆုံးမြန်မာ၏အခန်းကိုသွားကြည့်ရာ
    သိသိသာသာဝဖြိုးလာသော

    မြန်မာလူမျိုးနှင့် ပိန်ချုံးနေသောမျောက်မကိုတွေ့လိုက်ရသည်

    ''ဟာ ဟိတ်ကောင် မင်း မျောက်မကိုအစာမကျွေးဘူးလားကွ'' ''ကျွေးသားပဲ
    တစ်နေ့ကိုသုံးနပ်တောင်ကျွေးတယ်''

    ထိုအချိန်တွင်မျောက်မကဝင်ပြောသည်

    ''သူလျှောက်ပြောနေတာမယုံကြပါနဲ့ရှင်''
    ထို့နောက်မြန်မာလူမျိုးဘက်လှည့်ကာ

    ''အကိုကြီးရယ် ကျွန်မကိုထမင်းကျန်၊ဟင်းကျန်လေးနဲနဲလောက်ကျွေးပါ''


    သင်္ဘောသား

    သင်္ဘောကမ်းကပ်သောအခါ သင်္ဘောသားများကမ်းပေါ်ခဏတက်ခွင့်ရသည်

    ကပ္ပတိန်သည် စည်းကမ်းကြီးသူတစ်ဦးဖြစ်သည်။အရက်တွေဘာတွေ သောက်တာမကြိုက်

    သင်္ဘောသားတစ်ဦးသည် အရက်ပုလင်းနှစ်လုံးကိုလက်တစ်ဖက်စီတွင်ကိုင်ပြီး
    တက်လာသည်

    ကပ္ပတိန်တွေ့သွားသည် ''ဟေ့ ငါဟိုဘက်လှည့်ထားမယ်တစ်ကနေတစ်ဆယ်အထိရေမယ်

    ရေထဲကိုကျသွားတဲ့ အသံနှစ်သံကြားချင်တယ်'' ''ဗွမ်း..... ဗွမ်း....''

    ''အင်းဒီလိုမှပေါ့၊မင်းသွားတော့''ဆိုပြီးနောက်လှည့်ကြည့်လိုက်သည့်အခါ


    ''ဟာ ဟာ ဟေ့ကောင် မင်းဖိနပ် နှစ်ဖက် ဘယ်ရောက်သွားတာလဲ?

    ဖဲသမားလေး

    ''ပီတာလေး ဆရာမကို တစ်ကနေတစ်ဆယ်အထိ ဆိုပြစမ်း''

    ''၁ ၂ ၃ ၄ ၅ ၆ ၇ ၈ ၉ ၁၀ ဂျက်၊ ကွင်း၊ ကင်း''

    နောက်ဆိုမှတ်ထား

    ပီတာလေးသည်
    သူငယ်ချင်းနှင့်အတူလမ်းလျှောက်လာသည်။တစ်နေရာအရောက်တွင်မြောင်းပေါက်တစ်ခုတွေ့ရာ


    သူငယ်ချင်းကိုအကောက်ကြံလိုသဖြင့် ''မိုးပေါ်ကို ကြည့်လိုက်စမ်း မိကျောင်းတွေ
    ပျံနေတယ်''

    သူငယ်ချင်းကမော့ကြည့်သည်၊ကံကောင်းစွာ
    မြောင်းပေါက်ထဲမကျချေ၊နှစ်ယောက်သားလမ်းဆက်လျှောက်သွားကြသည်

    အနောက်မှ မြောင်းရေတွေပေကျံနေသော လူကြီးတစ်ယောက်လိုက်လာပြီးပြောသည်

    ''ကလေးတို့ နောက်ဆိုမှတ်ထား မိကျောင်းတွေဟာ ဘယ်တော့မှလေပေါ်မှာ မပျံတတ်ဘူး''

    အပြစ်လား

    မီးလောင်ခဲ့မှူကို တရားရုံးတွင်မျက်မြင်သက်သေထွက်ဆိုနေသည်၊

    ''ကျွန်တော်တရေးနိုး ဆူဆူညံညံအသံတွေကြားလိုက်ရတော့
    အခန်းအပြင်ဘက်မှာမီးရောင်တွေကို

    တွေ့လိုက်ရတယ်၊ဒါနဲ့ ကျွန်တော့် မိန်းမရဲ့ဂါဝန်ကိုလှန်လိုက်တယ်''

    ''တရားရုံးမှာ အမှူနဲ့မဆိုင်တဲ့စကားတွေကိုမပြောပါနဲ့''
    တရားသူကြီးကသတိပေးတယ်။

    ''ဟုတ်ကဲ့ မီးရောင်တွေတွေ့တော့ ကျွန်တော်
    မိန်းမရဲ့ဂါဝန်ကိုလှန်ပြီးကြည့်လိုက်တယ်''

    ''မောင်မင်း တရားရုံးမှာ အမှူနဲ့မဆိုင်တဲ့စကားတွေကို
    ပြောရင်အရေးယူခံရနိုင်တယ်နော်''

    ''တရားသူကြီးမင်းခင်ဗျား ခန်းဆီးလိုက်ကာကို ကျွန်တော့် မိန်းမရဲ့
    ဂါဝန်စနဲ့ချုပ်မိတာအပြစ်လားဗျာ''.....

      Current date/time is Sat Dec 15, 2018 7:01 pm