ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ


1

    သင့်အသားအရေအမျိုးအစားကိုယ်လိုလွယ်လွယ်သိနိုင်မလဲ

    Share


    Points : 0
    Join date : 1969-12-31

    သင့်အသားအရေအမျိုးအစားကိုယ်လိုလွယ်လွယ်သိနိုင်မလဲ

    Post   on Wed Sep 01, 2010 6:41 am

    နူးညံ့ဝင်းမွတ်ပြီးအဆီပြန်ခြင်းကင်းတဲ့အသားအရည်ပိုင်ဆိုင်နိုင်ဖို့ကိုယ့်အသားအရေနဲ့ကိုက်ညီမဲ့ အလှကုန်တွေအထူးသဖြင့် Skin Care ပစ္စည်းတွေအသုံးပြုဖို့လိုပါတယ်။ လူတော်တော်များများဟာကိုယ့်အသားအရေအမျိုးအစားကိုသေချာမသိပဲ ထင်ရာမြင်ရာကောင်းနိုးရာရာတွေကိုသုံးမိတာကြောင့် တစ်ခါတစ်ရံမှာ ကိုယ့်အသားအရေနဲ့ အဆင်အပြေဖြစ်ပြီး အခြေအနေပိုဆိုးစေတဲ့ပစ္စည်းမျိုးတွေကိုသုံးမိသွားတတ်ပါတယ်။အဲ့လိုမဖြစ်အောင်အောက်မှာရေးထားတဲ့အလွယ်နည်းကိုသုံးပြီးမိမိအသားရေအမျိုးအ စား ကိုခွဲခြားနိုင်ကြပါစေလို့ချယ်ရီဆုတောင်းပေးလိုက်ပါတယ်နော်။

    ၁။ကိုယ့်အိမ်မှာကိုယ်မျက်နှာကိုမျက်နှာသစ်တဲ့ဆပ်ပြာနဲကဆေးကြောပြီးဖွဖွလေးသုတ်ပါ။ နောက်ဘာမှအလိမ်းပဲနှစ်မိနစ်လောက်စောင့်ကြည့်ပါ။သင့်မျက်နှာအရေပြားတင်း လာပြီးနေရခက်လာရင်ရေဓာတ်ခန်းခြောက်တတ်တဲ့မျက်နှာအသားအရေပိုင်ဆိုင်သူပါ။

    ၂။မျက်နှာသစ်ပြီးနာရီဝက်ကြာလို့မျက်နှာပေါ်ကချွေးပေါက်လေးတွေနေရာကနေအဆီလေးတွေထွက်လာသလားကြည့်ပါ။အဆီထွက်လာရင်တော့သင်ဟာအဆီပြန်တဲ့မျက်နှာအသားအရေပိုင်ရှင်ပါ။

    ၃။အကယ်၍အဆီတွေကမျက်နှာပေါ်မှာ(T)ပုံစံနဖူးပြင်နဲ့နှာတံပေါ်တွင်သာထွင်ရှိမယ်ဆိုရင်တော့ Oily skin ကနေ Combination skin ကြားအမျီုးအစားပိုင်ဆိုင်သူပါ။

    ၄။ချွေးပေါက်ကနေအဆီမထွက်လာဘူးဆိုရင်တော့သင့်မျက်နှာကအသားအရေဟာ Normal skin ကနေ Combination skin ကြားမျက်နှာအသားအရေပိုင်ဆိုင်သူလို့ ခေါ်နိုင်ပါတယ်။

    ၅။သင့်မျက်နှာကချွေးပေါက်တွေကိုမမြင်ရသလောက်ရှိပါက(သို့) မျက်လုံးနားတစ်ဝိုက်အေ၇းအကြောင်းတစ်ချို့ပေါ်ပေါက်နေပါကသင်ဟာ Normal skin ကနေ Dry skin ကြားအသားအရေပိုင်ဆိုင်သူလို့ခေါ်နိုင်ပါတယ်။

      Current date/time is Sat Dec 15, 2018 6:49 pm