ကျနော်ဖတ်ခဲ့ဘူးသောစာများ
Join the forum, it's quick and easy
ကျနော်ဖတ်ခဲ့ဘူးသောစာများ
ကျနော်ဖတ်ခဲ့ဘူးသောစာများ
Would you like to react to this message? Create an account in a few clicks or log in to continue.
ကျနော်ဖတ်ခဲ့ဘူးသောစာများ
ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။
Log in
I forgot my password
ကျနော်အကြောင်း
ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)
ကြိုက်တာယူ
MUSIC RADIO
တန်းဖိုးရှိသောအချိန်လေးများ
ဝက်ခြံကြောင့် စိတ်ညစ်နေရတဲ့ သူငယ်ချင်းတွေအတွက် Index
1
    ဝက်ခြံကြောင့် စိတ်ညစ်နေရတဲ့ သူငယ်ချင်းတွေအတွက်
    avatar
    Points : 0
    Join date : 1969-12-31
    ဝက်ခြံကြောင့် စိတ်ညစ်နေရတဲ့ သူငယ်ချင်းတွေအတွက် Empty ဝက်ခြံကြောင့် စိတ်ညစ်နေရတဲ့ သူငယ်ချင်းတွေအတွက်
    Post   Sun Sep 26, 2010 4:06 am
    ဝက်ခြံကြောင့် စိတ်ညစ်နေရတဲ့ သူငယ်ချင်းတွေတွက် လက်တို့လိုက်တာပါ။
    ဟိုက..ဒီကသိသမျှတွေ.....မောင်နှမတွေသိအောင်...ပြန်ဝေမျှလိုက်ပါတ၇်....လိုတာပိုတာရှိ၇င်လည်း....သည်းခံပါလို့ ......ရုပ်ရည် လှပချောမွေ့ တယ်လို့ ဆိုတာ ခနွာကိုယ်တခုချင်း လှမှ သာမဟုတ် ပေါင်းစပ် ထားသော အသားရည် ပါးပြင်၊မျက်နာပြင် ချောမွေ့ မှု သည်လည်း အလှတပါး ဖြစ်ပေသည်။ လှတော့ လှပါရဲ့ သူမျက်နာမှာ အမဲကွက်တွေ၊ အနီကွက်တွေ၊အဖြူကွက်တွေ၊ အမာရွတ်တွေ၊ ၀က်ခြံ တွေနဲ့ ဆို ပြီး ခွဲခြားပြောသံကြားရရင် ခုချက်ချင်း ပစ်လဲသေချင်စိတ်ပေါက် သွားပါ လိမ့်မည်။
    တော်တော်စိတ်ဓါတ်ကျစရာ ကြုံရလျှင်လည်း စိတ်ထောင်းကိုယ်ကြေဖြစ်ကာ နဂို ရှိသော အလှဖျက် ကျေးဇူးရှင်များ က ပိုမို များပြားလာသည်ကို သတိထားမိကြမည် ဖြစ်ပါသည်။ စိတ်ကြောင့်လည်း ပိုမို ၀က်ခြံ များပြားလာနိင်ပါသည်။
    စိတ်ညစ်နေသလား စိတ်ချမ်းသာစေရမည်.. ကဲ ဟော့ဒီမှာ အကြံဥာဏ်ကောင်းလေးများ ကုသနည်းလေးများ လက်လှမ်းမှီရာ စုစည်းရေးလိုက်ပါမည်။
    မဲနီဖြူကွက်တွေ က မွေးရာပါဖြစ်ခဲ့ လျှင်တော့ ဘာမှဆက်မလုပ်နိုင်ပါ။ အလှခွဲစိတ်ပညာခန်းသို့ ဆက်ကြည့်ပါဟု ဆိုချင်ပါသည်။
    ဘာကြောင့် အကွက်တွေ ပေါ်ပါသလဲ။ ဘာကြောင့် ၀က်ခြံတွေ ထွက်ရသလဲ။
    မွေးကင်းစ ကလေးတွေ ရဲ့အသားဟာ ချောမွတ်ပြီး နုဖတ်နေကြတာပါ။ တဖြည်းဖြည်းဖြင့် ကြီးပြင်းရာ နေရာ ပတ်ဝန်းကျင် ဒေသ ရာသီဥတုကို လိုက်ပြောင်းလဲလာကြပါသည်။
    အကြောင်းရင်း
    များသောအားဖြင့် သုံးစွဲသော မျက်နာ အလှကုန်ပစည်းကြောင့်၎င်း၊ နေရာဌာနကြောင့်၎င်း (ဥပမာ ဖုံမှုန့် )မျက်နာပြင်ရှိ ချွေးပေါက်ကို ပိတ်ဆို့ ကာကွယ်သလို ဖြစ်သွားပါသည်။
    မျက်နာကို စင်ကြယ်အောင် မသန့် စင်မိလျှင် ထို ချွေးပေါက်အောက်တွင်ရှိသော အရာသည် တဖြည်းဖြည်းချင်း အသားတွင်းတွင် ခြောက်ကပ်ခြင်း သို့ မဟုတ် ပွားများခြင်း ဖြစ်လာပါသည်။ မူလ ဆဲလ်လေးများ ကို ဖျက်ဆီးသလို ဖြစ်သည့်အပြင် သွေးလည်ပတ်မှု ကြောင့် နေ့ ရက်လ ကြာသည်နှင့် အမျှ ထိုနေရာသည် တဖြည်းဖြည်း ကျယ်ပြန့် ကာ အကွက်ပြန့် ပွားမှု ဖြစ်ခြင်း၊ ပြည်တည်ခြင်းတို့ ဖြစ်လာရသည်။ ထို့ ကြောင့် အကွက်ဖြစ်မှု နှင့်ဝက်ခြံအကြောင်း ထပ်မံခွဲခြားရေးလိုပါသည်။
    ပြည်တည်လာသော်လည်း ချွေးပေါက်ပိတ်နေသဖြင့် အတွင်းသားကို လိုက်စားပြီး အင်အားစုသည့်တဖွယ် ယောင်ကိုင်းလာကာ ၀က်ခြံ အမည်ရှိ အရည်ဖုလေးအဖြစ် ပေါ်ထွက်လာရပါသည်။
    ထိုအရည်ဖုလေးများမှာ အနည်းငယ်စုခဲပြီးမှ သာလျှင် တနည်းအားဖြင့် ပြည်မှည့်မှ သာလျှင် ဖောက်ထုတ်လွယ်သည် ကို ခံစားဘူးသူတိုင်း သိကြပါသည်။ သို့ သော် သကောင့်သားမှာ အသားထဲမှ အကုန်ထွက်သွားအောင် မပြုနိုင်လျှင် နောက်ထပ် ထပ်မံအင်အားစုဆောင်းပြီး ၀က်ခြံ အသစ်အသစ် အဖြစ်၎င်း သွေးကြောများမှတဆင့် နေရာအသစ်များသို့ ကူးပြန့် သွားနိုင်ပါသည်။
    ကုသနည်း အဆင့် - ၁
    ထို့ ကြောင့် ၀က်ခြံကို မှည့်သောအခါ လုံးဝကုန်စင်သည့် အထိကင်းစင်ရန်လိုပါသည်။ ကင်းစင်ရန် လူတိုင်း လက်သည်းလေးများဖြင့် ဆိတ်ကာဖိကာ ထုတ်တတ်ကြပါသည်။ မှားယွင်းပါသည်။ လက်ဆိပ်တက်ပြီး ထပ်အနာဖြစ်ပြည်တည်ကာ သံသရာလည်တော့မည် ဖြစ်ကြောင်းသိစေလိုပါသည်။
    အလွယ်ဆုံးနည်းပြောလိုပါသည်။ ရေနွေးပူနွေးနွေ ထဲလက်ကိုင်ပုဝါသန့် သန့် ထဲအရေညစ်ပြီး ပူနေသော အ၀တ်စဖြင့် ထိုဝက်ခြံနေရာကို ကပ်ပေးလိုက်ပါ။ ပြည်မမှဲ့ ဘဲ နာနေသော ၀က်ခြံပင်လျှင် ပေါက်ပြီး အဆံထွက်လာပါလိမ့်မည်။
    အဆင့် - ၂
    မျက်နှာကို မတ်စ်ဟုခေါ်သော ခရင်မ်ဖြင့် ပွင့်နေသော ချွေးပေါက်ထဲရှိ ချွေးဆံများ ထုတ်ပစ်သင့်ပါသည်။ ၄င်းနှင့် ပတ်သက်သော ခရင်မ် များစွာရှိသော်လည်း အနွရယ်ဝေးသည့် အိမ်တွင်းဖြစ် မတ်စ်ပြုလုပ် သုံးစေချင်ပါသည်။
    အဆင့် - ၃
    မျက်နာသန့်စင်ပြီ ဆိုလျှင် ကျယ်နေသော ပွင့်နေသော ချွေးပေါက်များကို ပြန်ရှုံ့ ရန်လိုပါသည်။ မဟုတ်ပါက ထိုချွေးပေါက်တွင်း ဖုံဝင်လွယ်သောကြောင့်ဖြစ်ပါသည်။
    တိုနာဟုခေါ်သော ဆေးရည်ကို သုံးသင့်ပါသည်။ (ကိုယ်တိုင်ကမူ တခြား တံဆိပ်များစွာ ရှိသော်လည်း Nivea spirit type tona သာ သုံးပါသည်)
    နောက်ဆက်တွဲ ကုသမှု့ - ၁
    ညမအိပ်ခင်တွင် (မြန်မာပြည်ရှိသူများအတွက်) ပူနွေးသော ရာသီဥတုတွင်နေသူများအတွက် သနပ်ခါး ရေကျဲ လိမ်းအိပ်ပါ။ သနပ်ခါးသည် ဆေးဘက်ဝင်ပါသည်။ ထူပိန်းအောင် မလိမ်းသင့်ပါ။ အသားရေ တွန့် လွယ်ပါသည်။
    နောက်ဆက်တွဲ ကုသမှု့ - ၂
    တပတ်တခါ သို့ မဟုတ် တလတခါ ဆိုသလို ရေနွေးဆူဆူထည့်ထားသော ရေခွက်အပေါ် မျက်နာထားပါ။ မျက်လုံးမှိတ်ထားသင့်ပါသည်။ ထွက်လာသော ရေနွေးကို မျက်နာသို့ ရောက်ရှိမှု များအောင်ရေခွက်ကို စကူများဖြင့်ကာရန်ပြီး မျက်နာတကွက်စာ ရေနွေးငွေ့ ထွက်ရန် ထားသင့်သည်။
    ခံနိုင်ရည်ရှိသည့် အချိန်ပမာဏထိ ရေနွေးငွေ့ ကို မျက်နာသို့ ထိစေလျှင် မျက်နှာမှာ ချွေးပေါက်ပွင့်ပြီး အတွင်းမှ အဆီများ ချွေးများထွက်လာပါလိမ့်မည်။
    လိုက်နာရန်စည်းကမ်းချက်
    ၁. မိတ်ကပ်အသစ်စသုံးမည်ဆိုလျှင် ပထမ sample သာအရင်စမ်းသုံးသင့်ပါသည်။ လိမ်းပြီး သောအခါ အသားအလွန်နုသော မျက်နာပြင်အသား ဥပမာ နှာခေါင်းအောက် နှာသီးဖျား နှင့် နှတ်ခမ်းအောက်ရှိ အသားများတွင် စပ်ဖြင်းဖြင်း ပူစပ်ပူလောင် ဖြစ်ခဲ့လျှင် ဆက်မသုံးသင့်ပါ။
    ၂. အစားသောက်ကိုလည်း အကြော်လှော်လျှော့စားပါ။
    ၃. ၀က်ခြံနှင့် ပြည်များသန့် သွားလျှင် ထိုနေရာကို သတိထားသန့်စင်ရန်ချွေးပေါက် မပိတ်ရန် လိုပါလိမ့်မည်။
    ၄. ဖုံကြောင့် သို့ မဟုတ် လက်ဆော့မှု ကြောင့် ၀က်ခြံ ဖြစ်လျှင် မျက်နာကို လက်ဖြင့် မထိစေဘဲ လက်ကိုင်ပုဝါဖြင့်သာ ချွေးသုတ်သင့်သည်။
    ၅. မတဲ့သော မိတ်ကပ်ကြောင့် ၀က်ခြံဖြစ်လျှင် ထိုမိတ်ကပ်ကို စိတ်စေတနာ ဗလပွဖြင့် သံရောစဉ်ဖြတ်ကာ အမှိုက်ပုံးထဲသို့ ပစ်လိုက်ပါ၊ ကပ်စေးနဲသည့်စိတ်ရှိလျှင် ထိုမိတ်ကပ်ကို ခြေ လက်များတွင် လိမ်းလိုက်ပါ။
    ၆. အကြောင်းရင်းမသိဘဲဖြစ်သော ၀က်ခြံမှာ ကိုယ်ခနွာထဲရှိ အဆီကြိပ်များ အဆီထွက်မှု များသော်လည်း ချွေးပေါက်မပွင့်သောကြောင့်ဖြစ်နိုင်ပါသည်။ ထိုအခါ အစားကို ရှောင်သင့်ပါသည်။ အနဲဆုံးတပတ်တခါ ၀မ်းနုပ်ပြီး အပူအပုတ်ကင်းဝေးအောင် လုပ်သင့်သည်။
    အလွယ်ဆုံးနည်းမှာ အလုပ်အားသည့်နေ့ အပြင်မထွက်သည့် နေ့ တွင် မနက်စောစော ဆားတဇွန်းခန့် မျိုပြီးရေအ၀သောက်ပါ။ပြီးလျှင် ထိုင်မနေရ အိပ်မနေရပါ။ ရေမချိုးရပါ။ ပုံမှန်အလုပ်ကို လုပ်ပြီး လှုပ်ရှားနေသင့်သည်။
    ပျှမ်းမျှအားဖြင့် ၂နာရီကြာသောအခါ ၀မ်းရစ်နာလာပြီး ၀မ်းကုန်စင်ပြီဆိုမှသာ ရေချိုးလိုက်ပါ။ ရေချိုးပြီးလျှင် နောက်ထပ် ၀မ်းရစ်မှု မရှိကြောင်း တွေ့ ရပါလိမ့်မည်။
    ယခင်က ဒဏ်ရာများကြောင့် အမဲစက်များ ရှိခဲ့လျှင် အထက်ပါနည်းသည် သက်သာကောင်း သက်သာနိုင်ပါသည်။ အမာရွတ်များရှိခဲ့လျှင် တော့ မပြောတတ်ပါ။
    အထက်ဖေါ်ပြပါနည်းသည် ကိုယ်တိုင် အစဉ်အမြဲလုပ်သောနည်းမဟုတ်ပါကြောင်း ၀န်ခံပါသည်။ ကိုယ်တိုင် သနပ်ခါးမလိမ်းသော အကျင့်ကြောင့် လှလှပပနေလိုသော မေမေ ၏ ပြောချိန်တွင် သနပ်ခါးရေကျဲလိမ်းပြီး လစ်လျှင် မျက်နှာ ဗလာဖြင့်နေခဲ့ သောကြောင့် ချွေးမပိတ် ၀က်ခြံမချမ်းသာ ခဲ့ပါ။ သို့ သော် တခါတရံထွက်သော ကြင်ရ်ျ နာစေသော ကျေးဇူးရှင်များကို ရေနွေးအ၀တ်ကပ်ပြီး ပင့်ထုတ်ခဲ့ဘူးပါသည်။ ပျင်းသောကြောင့် အဲ မှားသွားလို့  အလုပ်မအားသောကြောင့် အစဉ်အမြဲမလုပ်ခဲ့ပါ။ ကျေးဇူးရှင်များကလည်း အပြီးပိုင် နှတ်ဆက်မသွားပါချေ.. သံယောဇဉ်အမျှင်တန်းရှိကြသဖြင့် ယခုထိ မကြာခဏ လာလည်ပါသည်။ သို့ သော် သေးငယ်သဖြင့် အမာရွတ်များ မကျန်ခဲ့ပါ။
    နောက်ဆုံး အဓိကကျတဲ့ ဆေးကတော့ ဟင်းသီးဟင်းရွက်စားမှ ကျန်းမာတဲ့ အပြင် မျက်နှာဝက်ခြံထွက်မှု နဲပါးကြောင်း ပြောလိုပါသည်
    မှတ်ချက်..
    အပူအစပ်ကြိုက်သူ ခြံပိုင်ရှင်များအတွက် ကတော့ ကပ်စေးမနဲ ဘဲ ဘဏ်ာတော် ၀မ်းဗိုက်အတွင်းမှ ပြောင်သလင်းခါအောင် နေ့ စဉ် ကုန်စင်အောင် စွန့် ကြဲ သင့်ပါသည်။ ဆားမမြိုလို ပါက ဘာ အစာမှ မစားဘဲ မနက် စောစော ရေအ၀ မတ်ခွက်၅-၇ခွက် သောက်ပါက လွယ်ကူကြောင်း သတိထား မိပါသည်။
    အကယ်ရ်ျ အစာစားမိပြီးမှ ရေအ၀သောက်လျှင် စွန့် ကျဲရန် သိပ်မလွယ်ကူကြောင်း သိရပါသည်။
    ဟိုက..ဒီကသိသမျှတွေ.....မောင်နှမတွေသိအောင်...ပြန်ဝေမျှလိုက်ပါတ၇်....လိုတာပိုတာရှိ၇င်လည်း....သည်းခံပါလို့ ......
    ၁။ မိမိ ကိုယ်ကို ယုံကြည်မှုဖြစ်စေ မှု တွင် အဓိက အရေးပါ တာ က ...မိမိ ရဲ့  ရုပ်လေး ..ကြည့် ကောင်းနေ တာ....မိမိ ရဲ့  စိတ်တွေ ကြည်လင်နေတာ....မိမိကိုယ်ကို လေးစားတာ.. အဲ့ ဒါ တွေ ပါ တယ်....
    အဲ့ ဒီ သုံးချက် ပျက်ကွက်တော့ .. stress ဆိုတာ ၀င်ပြီ .. စိတ်ဖိစီးမှု ...စိတ်ကျရောဂါ ပေါ့ 
    တကယ်တော့  stress ဆိုတာ.. body မှာ ရှိရှိ သမျှ လုပ်ငန်းတွေ ကို ..ကျူးကျော် ၀င်ရောက်ပြီး ကမောက်ကမ ဖြစ်အောင်လုပ်တာ.....
    ကိုယ် ထဲ က အင်္ဂါတွေ ..ကမောက်ကမ ဖြစ်တော့ ... infection ကူးစက်လွယ်ပိုးမွှားတွေ ၀င်လွယ်တာပေါ့ ...
    ကိုယ်က မသာ....စိတ်လည်းမသာယာ ဖြစ်ရတော့ ... ကိုယ်ခံအားကမကောင်း ..ဒီတော့ . ရောဂါ ရလွယ် တာ ပေါ့ 
    ဒီတော့  stress မရှိအောင် အရင် နေ မယ်....stress ကို အရှိ မခံ ပါနဲ့ .... (အတိတ်က အကြောင်းတွေ ..ခုလက်ရှိ အဖြစ်တွေဟာ..တစ်ခဏ...
    ပြောင်းလဲ နေ တဲ့  ပတ်ဝန်းကျင်ထဲ နေ နေကြသောကြောင့်  ကျွန်တော် တို့  ရဲ့  ကိုယ်တွင်းမှာတော့  တည်ငြိမ်နေဖို့ လို တယ် )
    stress ကို ဘယ်လို အ၀င် မခံ မလဲ ?
    - ပျော်ရွင်တဲ့  ဘ၀နေထိုင်မှု ဖန်တီးပေါ့ 
    - ကိုယ့်  ကို ကိုရပ်တည်ပေါ့ 
    -အားမနာ ပါ နဲ့ ( ဆုံးဖြတ် လုပ်ကိုင်ပေါ့  )
    -အပြင်များများ လည်
    -မိမိ ကိုယ်ကို လေးစားဖို့ ကောင်းအောင် နေ (အဲ့ ဒီ နောက်မှာ...မိမိ ဟာ ပတ်ဝန်းကျင်မှာ ..လူတော်တစ်ယောက်ဖြစ်လာမယ် )
    အထက်က အချက် တွေ ကတော့  အဓိ က ပေါ့ 
    ကဲ stress တွေ မရှိ တဲ့ နောက် မှာ ....သင့် ရဲ့  ရုပ်လေး ဟာ..လန်းဆန်းနေ မယ်.... ရုပ်ကလေး ကြည်လင်နေမယ်.....စိတ်လေးရှင်းနေမယ်ပေါ့
    အဲ့လို ကြားထဲ ကမှ (stress မရှိတဲ့ အထဲ မှ ) ၀က်ခြံ လေးတွေ ထွက်နေ မယ်ဆို.. စိတ်မပျက်နဲ့ ....
    ......stress ရှိနေ သမျှ
    ....ညစ်ညစ်ပတ်ပတ် နေ တတ်မျှ
    ...... လိင်ဟော်မုန်း လှုံဆော်ပေးနေ သမျှ (ဟတ္ထမေထုန်ပြုသမျှ..)
    ..မိမိ ၀က်ခြံ ပေါက်တာကို ..စိတ်ထဲ ထည့် နေ သမျှ
    အဲ့  ဒီ တော့  ၀က်ခြံ ကို ပျောက် ( ၀က်ခြံ မပေါက်ရ အောင် ) အပေါ်မှာ ဖော်ပြတာတွေကို ဆင်ခြင်ပေါ့ 
    ဆေးရှိတယ်..မပူပါ နဲ့  ...
    မျက်နှာ သစ်ဆေး Nevia - Bye Bye Acne သုံး ပါ .... ( ၀က်ခြံ ပြင်းစ ကာလ မှာ တစ်နေ့  သုံးကြိမ်လောက် သစ်ပါ )
    ပြီးတော့ လိမ်းဆေး လိမ်း ပါ .......ဆေးက... Clindermycin ကလင်ဒါမိုင်ဆင်... လိမ်းဆေး gel သုံး ပါ ...(၅ထောင် ကျပ် ၀န်းကျင်ရှိတယ်..ဘူးကြီး)
    အမြဲ သောက်ရ မယ့်  ဆေးက vitamin C ဗိုက်တာမင် စီ > စီ ဗစ် ပါ ....မြန်မာဆေးဝါး လုပ်ငန်းက ထုတ်တာသောက်ပါ....(စီဗစ် ကို မြန်မာပြည်က ထုတ်တာ အကောင်းဆုံးပဲ ဟု သတ်မှတ်ကြသည်....မလေးတို့  စင်ကာပူ တို့ မှ ပင် မှာယူကြသည် )
    စီပစ်က ...တစ်နေ့  အနည်း ဆုံး ၂ ကြိမ် သောက်ပါ
    လိမ္မော်သီး များများ စားပေးပါ
    ----***** ၀မ်းချုပ် မခံ ပါ နဲ့  *****____
    ရေ များများ သောက် ပါ..
    မျက်နှာ ပေါင်းတင်တာ တို့  သွား မလုပ်လိုက် ပါ နဲ့ ....(အမာရွတ် ကျယ်ကျယ် ကျန်ခဲ့ လိမ့် မည် )
      Current date/time is Thu Apr 18, 2024 9:24 pm