ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ


1

    အချစ်”ဆိုတဲ့ သော့

    Share


    Points : 0
    Join date : 1969-12-31

    အချစ်”ဆိုတဲ့ သော့

    Post   on Wed Sep 01, 2010 8:27 am

    သူဟာ မိသားစုအပေါ် သံယောဇဉ်ကြီးတဲ့ လူတစ်ယောက်ပါ။
    လက်ထပ်ပြီးနောက် သူကြိုက်နှစ်သက်တဲ့ အလုပ်ကို လုပ်စေခဲ့တယ်။
    သူငယ်ချင်းတွေနဲ့ ပျော်ပါးပြီး ညည့်နက်မှ ပြန်လာတာကိုလည်း ကျွန်မ ခွင့်လွတ်ခဲ့တယ်။
    အားလပ်ချိန်မှာ အိမ်အလုပ် ကူမလုပ်ခဲ့တာ ကိုလည်း သည်းခံခဲ့တယ်။


    သော့တစ်ချောင်း အစပြုလို့ သူ့ကို ကျွန်မစပြီး သံသယ၀င်မိတယ်။
    ကျွန်မဟာ အိမ်ထောင့်တာဝန် ကျေပွန်တဲ့ အိမ်ထောင်ရှင်မကောင်း တစ်ယောက်
    မဟုတ်ခဲ့ပေမဲ့ သူ့အပြုအမှု၊ သူ့အရိပ်အကဲကို ကြည့်ပြီး သူ့စိတ်မှာ
    ဘာတွေဖြစ်နေတယ်ဆိုတာကိုတော့ ကျွန်မ ခန့်မှန်းလို့ရပါတယ်။
    သူမှာ နဂိုသော့(၄)ချောင်းရှိတယ်။ အိမ်တံခါးမကြီးသော့၊ အိပ်ခန်းနှစ်ခန်းသော့၊
    နောက်သူ့ရုံးခန်းသော့... ဘယ်တုန်းကများ သူ့အိတ်ထဲ သော့တစ်ချောင်း
    ပိုလာတာလဲ... ကျွန်မ အလေးမထားသလိုနဲ့ မေးကြည့်ဖူးသေးတယ်။
    ဒါပေမဲ့ သူဘာမှ မသိသလိုနဲ့ စကားလမ်းကြောင်းလွဲလိုက်တယ်။
    ဒါကြောင့် အဲဒီသော့ကို ကျွန်မပို သံသယဖြစ်မိတယ်။

    သူ့ကို အကြောင်းမရှိ အကြောင်းရှာပြီး ကျွန်မ ဖုန်းဆက်တတ်လာတယ်။
    လမ်းကြုံသလိုနဲ့ သူ့ရုံးခန်းကို သွားတတ်လာတယ်။
    ရုံးဆင်းရင်လည်း သူ့ကိုသွားကြိုသလိုနဲ့ ကျွန်မ အဲဒီသော့အကြောင်းကို စုံစမ်းတတ်လာခဲ့တယ်။
    အရင်ကလို အလုပ်ကို ကျွန်မ ဦးစားမပေးတော့ဘဲ သူ့ကို ပိုဂရုစိုက်၊
    ပိုပြုစုတတ်လာတယ်။ ရုံးပိတ်ရက်တွေဆိုရင်လည်း အပြင်ထွက်မလည်တော့ဘဲ
    အစားကောင်းတွေ ချက်ပြုတ်ရင်း သူ့အတွက် အိမ်ထောင်ရှင်မကောင်း
    တစ်ဦးဖြစ်အောင် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဒါတွေဟာ နှောင်းသွားခဲ့ပြီလား...

    သူအရင်ကထက် စကားနည်းလာတယ်။
    အရင်ကလို သူ့စိတ်ထဲမှာ ဘာတွေတွေးနေတယ်ဆိုတာ ကျွန်မကို အသိမပေးတော့ဘူး။
    သန်းခေါင်ယံ နိုးလာရင်လည်း လေသာဆောင်မှာ မိုးလင်းပေါက် ထိုင်နေခဲ့တတ်တယ်။
    အမြဲစိတ်လှုပ်ရှားနေတတ်ပြီး အရင်လိုမသွက်လက်တော့ဘူး။
    ဟိုမေ့ဒီမေ့နဲ့ အလုပ်မှာလည်း စိတ်ပါဝင်မှု လျှော့လာခဲ့တယ်။
    သူပြောင်းလဲသွားပြီလား.. ဒါပေမဲ့ ကျွန်မအပေါ် ချစ်တဲ့စိတ်၊ ယုယတဲ့စိတ်တော့
    မပြောင်းလဲခဲ့ဘူး။
    ဒါပေမဲ့ ကျွန်မ သံသယ၀င်နေဆဲပါပဲ။

    နေ့ညမပြတ် အဲဒီသော့ရဲ့ သဲလွန်စကို ကျွန်မရှာခဲ့တယ်။
    နောက်ဆုံး အဲဒီသော့ဟာ ဘဏ်တစ်ခုရဲ့ မီးခံသေတ္တာသော့ဆိုတာကို ကျွန်မ စုံစမ်းခဲ့ရတယ်။
    သော့ကို သူမသိအောင် ကျွန်မတိတ်တိတ်လေး ယူပြီး ဘဏ်ကို သွားလိုက်မိတယ်။
    ကျွန်မ တုန်လှုပ်စွာနဲ့ သော့ကို ဖွင့်ရင်း သိချင်စိတ်က အရမ်းပြင်းပြနေခဲ့တယ်။
    ဖွင့်လိုက်တဲ့ အချိန်မှာတော့ အတွင်းမှာ ရတနာသေတ္တာ ဘူးလေးတစ်ခု... ကျွန်မ
    အသက်ကို ပြင်းပြင်းရှုရင်း သေတ္တာကို ဖွင့်လိုက်မိတယ်။
    “တော်တော်ရိုးအတဲ့လူ” လို့ ရေရွတ်ပြီး ကျွန်မ ပြုံးလိုက်မိတယ်။

    ဘူးထဲမှာ ဓာတ်ပုံတစ်ပုံ... ပုံက ကျွန်မနဲ့သူ ပထမဆုံး
    တွဲရိုက်ထားတဲ့ပုံ... နောက် သူ့ကို ရေးပေးခဲ့ဖူးတဲ့ ကျွန်မရဲ့ စာတွေ
    စုစုပေါင်း(၂၈)စောင် ကျွန်မ အချိုမြိန်ဆုံး ပြုံးလိုက်မိတယ်။

    စာတွေရဲ့ အောက်မှာတော့ ချက်လက်မှတ်နဲ့ သေတမ်းစာ “အခုမှ အသက်၃၀ကျော်ပဲ
    ရှိသေးတယ်။
    ဘာသေတမ်းစာ ရေးထားတာလဲ.. အိမ်ရောက်မှ ကောင်းကောင်းဆူလိုက်ဦးမယ်”
    ကျွန်မ ရေရွတ်နေပေမဲ့လည်း ဘာသေတမ်းစာလဲဆိုတာကို
    အရမ်း စိတ်ဝင်စားသွားမိတယ်။ စာအိတ်ကို ကျွန်မ ဖောက်ကြည့်လိုက်မိတယ်။
    သေတမ်းစာထဲမှာတော့ xxxx အိမ်နဲ့ စုငွေ ၂၀%ကို
    မိဘအတွက်၊ ၁၀% အစ်ကိုအတွက်၊ ၃၀% ကို ဘိုးဘွားရိပ်သာအတွက်၊ ကျန်တဲ့ငွေနဲ့
    ရင်းနှီးမြုပ်နှံငွေတွေမှာတော့ ကျွန်မနာမည်ရေးထားတယ်။ ကျွန်မ ငိုမိတယ်။

    ကျွန်မသာ သူ့ကို သံသယ၀င်နေခဲ့တာ၊ မယုံခဲ့တာ။ တကယ်တော့ သူဟာ ကျွန်မကိုပဲ
    ချစ်ခဲ့တယ်။ သစ္စာရှိခဲ့တယ်။ စာရွက်တွေကို ဘူးထဲ ပြန်ထည့်မယ်လုပ်တော့
    ကျွန်မလက်ထဲကနေ စာရွက်လေးတစ်ရွက် ပြုတ်ကျသွားတယ်။ ကျွန်မ
    ကောက်ယူကြည့်မိတော့ ဆေးစာတစ်စောင်... လူနာနေရာမှာ သူ့နာမည် ရေးထားတယ်။
    ဆေးစာရဲ့ အောက်တစ်နေရာမှာ ရှင်းလင်းထင်ရှားတဲ့ စာလုံးလေးလုံး
    “အရိုးကင်ဆာ” တဲ့။

    လူတိုင်းရဲ့ စိတ်မှာ သော့တစ်ချောင်းကိုယ်စီရှိတယ်။ အဲဒီသော့ရဲ့ နာမည်က
    “သံသယ” တဲ့။ ကျွန်မကတော့ ပြောလိုက်ချင်ပါတယ်။ လူတိုင်းမှာ စိတ်တံခါးပေါက်
    တစ်ပေါက်ရှိတယ်။ အဲဒီတံခါးပေါက်ကို “သံသယ တံခါးပေါက်” လို့ခေါ်တယ်။
    “အချစ်”ဆိုတဲ့ သော့သာ အဲဒီတံခါးပေါက်ကို ဖွင့်နိုင်မှာပါ။

    (သော့ဆိုတာ တံခါးဖွင့်ဖို့ သက်သက်ပဲ မဟုတ်ပါဘူး။ တံခါးခေါက်ဖို့အတွက်လည်း
    အသုံးဝင်ပါတယ်။ ပစ္စည်းရဲ့ အသုံးဝင်ပုံဟာ သုံးတဲ့လူရဲ့ သုံးတတ်တဲ့
    အပေါ်မှုတည်ပါတယ်)

      Current date/time is Sat Dec 15, 2018 7:19 pm