ကျနော်ဖတ်ခဲ့ဘူးသောစာများ



Join the forum, it's quick and easy

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

Would you like to react to this message? Create an account in a few clicks or log in to continue.
ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ

သူငယ်ချင်း ဘယ်နှစ်ယောက် ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား..  Index
1

    သူငယ်ချင်း ဘယ်နှစ်ယောက် ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား..

    avatar


    Points : 0
    Join date : 1969-12-31

    သူငယ်ချင်း ဘယ်နှစ်ယောက် ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား..  Empty သူငယ်ချင်း ဘယ်နှစ်ယောက် ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား..

    Post   Sat Sep 25, 2010 11:11 am

    ကိုယ့်ဘ၀မှာ စိတ်တူကိုယ်တူ အမြဲပေါင်းသင်းတဲ့ သူငယ်ချင်း ဘယ်နှစ်ယောက်
    ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား.. ? ကိုယ်နဲ့ အခုမှ

    ခင်မင်ရင်းနှီးပေမဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်းလို ဘာမဆို
    ဖွင့်ပြော တိုင်ပင် မျှဝေလို့ ရနိုင်တဲ့ သူငယ်ချင်းကော ရှိဖူးလား...?
    ရှိတယ်ဆိုရင် တန်ဖိုးထား မြတ်နိုးပါ။

    ကံတရားက ဆန်းကြယ်တယ်။
    ကိုယ်မထင်မှတ်၊ မမျှော်လင့်တဲ့ အချိန်မှာ လူတစ်ယောက်ကို ကိုယ်ဆီ

    အရောက်ပို့လိုက်တယ်။ အဲဒီလူက ကိုယ်မျှော်လင့်နေတဲ့ အချိန်မှာ
    ရောက်မလာတတ်ဘဲ ရောက်လာတဲ့အချိန်မှာတော့ ကိုယ်က တန်ဖိုးထားရ ကောင်းမှန်း
    မသိခဲ့ဘူး။ ဒါကြောင့် ကိုယ်ဘေးပတ်ဝန်းကျင်က လူတွေကို တန်ဖိုးထားပါ။
    သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ မိသားစုပဲဖြစ်ဖြစ်

    တွေ့တုန်း၊ ဆုံတုန်း သူတို့ကို တန်ဖိုးထား မြတ်နိုးတတ်ဖို့
    လိုပါလိမ့်မယ်။

    ကံပါလို့ ငါတို့ တွေ့ဆုံကြတယ်။
    ကံပါလို့ ငါတို့ ခင်မင်ကြတယ်။
    ကံပါလို့ ငါတို့ စိတ်ကို ဖလှယ်ကြတယ်။
    တစ်စက္ကန့်လေးကို ငါတို့ တန်ဖိုးထားသင့်တယ်။

    အခုလက်ရှိ အခြေအနေကို ပိုမြတ်နိုးသင့်တယ်။
    ဒါမှ ဘ၀မှာ နောင်တဆိုတာ မရှိမှာ...

    သူငယ်ချင်းဆိုတာ...
    ချီးကျူး အားပေးစကား ပြောနိုင်တဲ့သူ ဖြစ်တယ်။
    ဝေဖန် နှစ်သိမ့်မှုကိုလည်း ပေးတတ်တဲ့သူ ဖြစ်တယ်။

      Current date/time is Thu May 02, 2024 1:48 am