ကျနော်ဖတ်ခဲ့ဘူးသောစာများ



Join the forum, it's quick and easy

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

Would you like to react to this message? Create an account in a few clicks or log in to continue.
ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ

Internet Lock Index
1

    Internet Lock

    avatar


    Points : 0
    Join date : 1969-12-31

    Internet Lock Empty Internet Lock

    Post   Mon Sep 27, 2010 10:55 am

    Internet Lock

    ကျွန်တော် ယခုထက်မံပြီး မိတ်ဆက်ပေးချင်သည့် Software အမည်က Internet Lock Software ပါ။ သူက ဘယ်လိုအသုံးဝင်လဲဆိုတော့ မိမိတို့၏ ရုံး၊ စာသင်ခန်း၊ တွေမှာ ရှိသည့် ကွန်ပျူတာတွေကို Internet အသုံးပြုမှုနှင့် ပတ်သက်ပြီးတော့ ထိန်းချုပ်မှုများ ပြုလုပ်လို့ရပါတယ်။ ဘယ်လိုအသုံးပြုလို့ ရသလဲ ဆိုတာကိုတော့ ကျွန်တော်တို့ အခုပဲ လက်တွေ့ ရှင်းပြပါ့မယ်။ အရင်ဦးဆုံး Internet Lock Software ကို ဒီကနေ Download ယူလိုက်ပါ။ Download ချပြီးသည့်နောက် သူ့က မိမိထိန်းချုပ်ချင်သော စက်တွင် Install လုပ်ပေးပါ။ Insatll လုပ်နေစဉ်အတွင်း Internet Lock Software အတွက် Admin Password တောင်းဆိုပါလိမ့်မည်။



    မိမိကြိုက်နှစ်သက်ရာ Password တစ်ခုကိုပေးလိုက်ပါ။ မိမိပေးလိုက်သော Password ကိုတော့ သေချာမှတ်သားထားဖို့တော့ လိုပါမည်။ နောက်ဆုံး Install လုပ်တာ ပြီးဆုံးသွားပါလိမ့်မည်။ မိမိ၏ Desktop ပေါ်မှာ Internet Lock icon ကိုရှာကြည့်လိုက်ပါ။



    အထက်ပါဖော်ပြထားသော ပုံပေါ်မှာ Double Click နှိပ်ပြီး ဖွင့်လိုက်ပါ။ Internet Lock အတွက် Admin Password ကို တောင်းနေပါမည်။



    Internet Lock Install လုပ်စဉ်က ပေးခဲ့သော Admin Password ကို ရိုက်ထည့်ပေးပါ။ OK မှာ နှိပ်ပါ။ ကဲ... အခုဒီအဆင့်က စပြီးတော့ အင်တာနက်ပိုင်းဆိုင်ရာ Rule စည်းမျည်းစည်းကမ်းတွေကို သတ်မှတ်ပေးလို့ရပါပြီ။




    Rule သတ်မှတ်ဖို့ အတွက် Add မှနှိပ်ပါ။



    Rule အနေဖြင့် Deny, Allow, Password Protect ဆိုပြီး Action သုံးခုပေးနိုင်ပါသည်။ ကျွန်တော်ဒီမှာတော့ ဥပမာ အနေဖြင့် Deny ကို ရွေးလိုက်ပါတယ်။ ပြီးတော့ ဘယ် Program ကို Deny လုပ်မလဲ၊ ထိန်းချုပ်မလဲ...



    ကိုယ်ထိန်းချုပ်ချင်သော Program ကိုရွေးဖို့အတွက် Choose မှာနှိပ်ပြီး ရွေးချယ်ပေးပါ။ သို့မဟုတ် Browse Button မှာနှိပ်ပါ။ (ဥပမာ - အင်တာနက်ချိတ်ဆက်ထားသည့် စက်မှာ Gtalk ပြောလို့ မရအောင် ပိတ်ချင်တာမျိုး၊ Internet Explorer, Mozilla Firefox Browserတွေကို အသုံးပြုလို့မရအောင် ပိတ်ချင်တာမျိုး စသည်ဖြင့် ဒီ Internet Lock မှာ ရွေးချယ် သတ်မှတ်ပေးလို့ရပါတယ်။ ကျွန်တော်ကတော့ နမူနာအနေဖြင့် Microsoft Internet Explorer ကို ရွေးချယ်လိုက်ပါတယ်။ ဆက်လက်ပြီး Port အပိုင်းကို ဆက်သွားပါ့မယ်။ ဒီအဆင့်မှာ မိမိအနေဖြင့် အင်တာနက်ပိုင်းဆိုင်ရာကို အသုံးပြုသည့် Port များကို နံပါတ်အတိအကျပေးပြီး ထိန်းချုပ်နိုင်ပါသည်။ ဥပမာ - ( http = 80, https = 443, ftp = 21 ) စသည့် နံပါတ်တွေကို ရိုက်ထည့်ပြီးတော့လည်း ထိန်းချုပ်နိုင်ပါသည်။ ကျွန်တော်ကတော့ Any Port အတိုင်းပဲ ဆက်သွားလိုက်ပါတယ်။ ပြီးတော့ OK နဲ့ထွက်လိုက်ပါတယ်။



    ဒါကတော့ ကျွန်တော်တို့ စတင်သတ်မှတ်ပေးလိုက်တဲ့ Rule ပါ။ ဒီသတ်မှတ်လိုက်တဲ့ Rule အတိုင်းအလုပ်လုပ်မလုပ်သိဖို့ အတွက် Microsoft Internet Explorer ကိုဖွင့်လိုက်ပါ။



    ယခု အထက်ပါပုံအတိုင်း Deny လုပ်ထားကြောင်း Message Box ကျလာပါမည်။ စကားချပ် - (တကယ်လို့ ကိုယ်ဖန်တီးထားသည့် Rule က Password Protect အဖြစ်ပေးထားခဲ့ပါက ဒီနေရာမှာ Password တောင်းနေပါလိမ့်မည်။ Password သိမှသာ အသုံးပြုလို့ရပါမည်။) နောက်ထပ် Internet Lock Software မှာ လေ့လာစရာအနေဖြင့် Log နှင့် Options ဆိုပြီး Tab နှစ်ခုကျန်ပါအုန်းမည်။ Log အပိုင်းကတော့ သူ့ကို ဖွင့်သုံးမယ် (Enable) လုပ်ထားမယ်ဆိုရင် အင်တာနက်ဖြင့် ဆက်နွယ်နေသော Software တွေကို ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ် software ကို run ခဲ့ပါတယ် ဆိုတာကို Log file အနေဖြင့် Record လုပ်ထားမှာ ဖြစ်ပါတယ်။



    Options အပိုင်းမှာတော့ Internet Lock Software ကို မိမိစက်တွင် Activate/Deactivate လုပ်မည်။ Password ပေးထားသော Program တွေကို ပြန်လည် Reset လုပ်ခြင်းနှင့် Language ပြောင်းလဲ အသုံးပြုခြင်း တို့ပါဝင်ပါသည်။



    ကဲ... ကျွန်တော်ပြောပြခဲ့တဲ့ Internet Lock Software က စာဖတ်ပရိတ်သတ် မိတ်ဆွေတို့ အတွက် အသုံးဝင်လိမ့်မည်လို့ ယုံကြည်ပါသည်။

      Similar topics

      -

      Current date/time is Thu Mar 28, 2024 9:34 am