ကျနော်ဖတ်ခဲ့ဘူးသောစာများ



Join the forum, it's quick and easy

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

Would you like to react to this message? Create an account in a few clicks or log in to continue.
ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ

အသက်ရှည်ချင်ရင်ရ်ာမောပါ........... Index
1

    အသက်ရှည်ချင်ရင်ရ်ာမောပါ...........

    avatar


    Points : 0
    Join date : 1969-12-31

    အသက်ရှည်ချင်ရင်ရ်ာမောပါ........... Empty အသက်ရှည်ချင်ရင်ရ်ာမောပါ...........

    Post   Sun Sep 26, 2010 2:31 am



    ကိုယ့်အမြင်


    တွိ တွိ

    ယာဉ်ထိန်းရဲ က၀ီစီကိုမှုတ်လိုက်သည်။

    ခင်ဗျားဘာလို့  ဂ ငယ်ဂွေ့ ကွေ့ ရတာလဲ

    ဟာ ကျွန်တော်က ပစောက်ကွေ့  ဆိုပြီး ကွေ့ လိုက်မိတာပါဆရာ


    ♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣
    ♣♣♣♣♣♣♣♣♣

    ကားဆရာဝါရင့် တော့

    ကားကိုရပ်ပြီး လူတင်တဲ့ နေရာက အဖြူအနီကျားထားတ့ မရပ်ရနေရာဖြစ်နေတယ်။

    ဒီတော့ ယာဉ်ထိန်းရဲက ဖမ်းမလို့ လာတာကို ဒရိုင်ဘာက နောက်ကြည့်မှန်ထဲကနေမြင်လိုက်တော့

    ကပျာကယာ စက်ခေါင်းအဖုံးကိုဖွင့်ပြီး စပယ်ယာကိုလည်း ကားတွန်းဖို့ အချက်ပြလိုက်တယ်။

    တွန်း တွန်း ရတော့မယ်

    အနားရောက်လာတဲ့ ရဲဟာကားပျက်နေတာပဲဆိုပြီး ၀င်ကူတွန်းပေးလိုက်ရသတဲ့ ။

    ဒီတော့မှ ယာဉ်မောင်းဟာ ရပြီ ရပြီ တက်ဆိုပြီးစက်နှိုး လို့ မောင်းထွက်သွားသတဲ့ ။



    ♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

    ကားဆရာဝါရင့်တော့ - ၂


    မ၀င်ရဆိုတဲ့ လမ်းကို မောင်းဝင်လာတဲ့ ကားဆရာက ယာဉ်ထိန်းရဲကို လှမ်းမြင်လိုက်တော့ ကားကို ရပ်ခဲ့ပြီး ဆင်းသွားတယ်။

    ပြီးတော့-

    ဆရာကြီး ကျွန်တော်တို့ လို ၃- တန်အထက်ကားတွေ မြို့ ထဲဝင်ချင်ရင် ဘယ်လမ်းကမောင်းရမလဲ

    တစ်လမ်းကျော်လာခဲ့ပြီဗျ။ နောက်ပြန်ကွေ့  ဒုတိယလမ်းရောက်ရင် ညာဘက်ချိုး

    ဟုတ်ကဲ့ ဟုတ်ကဲ့



    ♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

    သောက်ရခြင်းအကြောင်း


    လမ်းဘေးက သစ်ပင် ကိုကားတစ်စီးက၀င်တိုက်မိတော့ ယာဉ်ထိန်းရဲ ကရောက်လာပြီး

    ဘယ်လိုဖြစ်ပြီးဝင်တိုက်တာလဲ

    ဘရိတ်မမိလို့ ပါ

    ဂီယာနဲ့ ထိန်းမောင်းပါလား

    ဂီယာညှပ်ပြီးပြောင်းမရလို့ 

    အရက်လည်းသောက်ထားသေးတယ်မဟုတ်လား

    ဟုတ်ကဲ့ 

    ကားက မကောင်းဘဲ ဘာလို့ သောက်ပြီးမောင်းရတာလဲ

    မောင်းရဲ အောင်လို့ ပါခင်ဗျာ။

    ♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣♣

      Current date/time is Fri Apr 26, 2024 12:37 pm