ကျနော်ဖတ်ခဲ့ဘူးသောစာများ



Join the forum, it's quick and easy

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

Would you like to react to this message? Create an account in a few clicks or log in to continue.
ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ

 Batch File Programming အကြောင်း(၁) Index
1

    Batch File Programming အကြောင်း(၁)

    avatar


    Points : 0
    Join date : 1969-12-31

     Batch File Programming အကြောင်း(၁) Empty Batch File Programming အကြောင်း(၁)

    Post   Sun Aug 29, 2010 9:56 am

    ဒီ Batch File Programming အကြောင်းကို
    လေ့လာဖူးတာ အလွန်ကြာခဲ့ပြီဖြစ်ပါတယ်။ ယခု လေ့လာချင်ပါတယ်ဟုပြောသော
    သူများရှိသောကြောင့်သာ အခုလို အခြေခံကအစ ရေးပေးဖြစ်တာပါ။ အခြေခံအကျဆုံးနဲ့
    ကွန်ပြူတာစသုံးဖူးတဲ့ သူတစ်ယောက်ပါ အဆင်ပြေအောင်တစ်ခါထဲရေးပေးကြည့်ပါ့မယ်။
    ဒါပေမယ့် ကျနော် မလေ့လာတော့ဘဲ ပစ်ထားတဲ့ ဘာသာရပ်တစ်ခုဖြစ်ပြီး အခုမှ
    ပြန်ကိုင်လိုက်သလိုဖြစ်နေတာကြောင့် မပြည့်စုံတာများလည်း ရှိပါလိမ့်မယ်။
    ကျနော့်ခေါင်းထဲမှာ မှတ်မိတာကိုဘဲ ပြန်ချရေးမှာဖြစ်ပါတယ်။
    အဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါ။ အားလုံးကို တစ်ခါတည်း
    အဓိပ္ပါယ်တွေ ပြောသွားမှာ မဟုတ်ဘဲနဲ့ ဥပမာလေးတွေနဲ့ အလျင်းသင့်သလိုသာ
    ရှင်းပြီး တဆင့်ချင်းတက်သွားကြည့်ပါ့မယ်။ ကျနော်လည်း
    တစ်ခါမှမရေးခဲ့ဖူးတော့ ဘယ်က ဘယ်လို နားလည်အောင်
    စရှင်းပြီးရေးရမယ်မသိလို့ပါ။
    ကဲစပြီး ဆွေးနွေးကြည့်ပေးပါ့မယ်။
    bat မှာ ပါဝင်မှုအများဆုံးနဲ့ အခြေခံ အကျဆုံးလေးတွေကို စပြီးဆွေးနွေးကြည့်ရအောင်
    အခြေခံအကျဆုံး command ၃ ခုကတော့
    (၁) echo
    (၂) @echo off/on နဲ့
    (၃) pause စတာတွေဘဲဖြစ်ပါတယ်
    ပထမဆုံးအနေနဲ့ ဥပမာလေး တစ်ခုရေးကြည့်ပါမယ်
    @echo off


    echo Hello This is a First Program


    pause
    အဲဒါလေးကို ဈေးအကြီးဆုံး Windows Tool တစ်ခုဖြစ်တဲ့ notepad မှာ ရေးပြီးတော့ test1.bat ဆိုပြီးသိမ်းလိုက်ပါ။
    ပြီးရင်တော့ Run လိုက်ပါ။ အမဲရောင် Screen ထဲမှာ အောက်မှာ ပြထားတဲ့စာသားလေးတွေပေါ်လာပါလိမ့်မယ်။
    Hello This is a First Program


    Press any key to continue...
    ခုနက ဥပမာလေးမှာ echo off အစား echo on သုံးပြီးတော့ ဘာများထူးခြားမလဲဆိုတာ အောက်က Code လေးကိုစမ်းရေးကြည့်ရအောင်
    @echo on
    echo Hello This is a First Program
    pause
    ပြီးရင်တော့ ခုနကအတိုင်း notepad မှာ ရေးပြီး test2.bat ဆိုပြီးသိမ်းပြီး ပြန် Run လိုက်ပါ…
    အောက်မှာ ပြထားတဲ့ အတိုင်း မြင်ရပါလိမ့်မယ်။
    C:\Documents and Settings\User\Desktop>echo Hello This is a First Program
    Hello this is a First Program
    C:\Documents and Settings\User\Desktop>pause
    Press any key to continue…
    အဲလိုမြင်ရပါလိမ့်မယ်။ C:\Documents and Setting\… စတာတွေကတော့ တင်ထားတဲ့ Windows ၊ File ဖွဲ့စည်းပုံတွေပေါ်မူတည်ပြီး ကွဲပြားပါလိမ့်မယ်။
    အခု အပေါ်မှာ ခုနကရေးထားတဲ့ Code လေးတွေကို ရှင်းပြပေးပါ့မယ်
    ကျနော်တို့ ဒုတိယရေးလိုက်တဲ့ code မှာဆိုရင် @echo on ကိုသုံးလိုက်တဲ့ အတွက် File ထားရာလမ်းကြောင်းက Program Code တစ်ခါ Run တိုင်းလာပြနေပါတယ်။
    အကယ်လို့များ ပထမစစချင်းမှာ ရေးခဲ့တဲ့ @echo off ကို သုံးထားမယ်ဆိုရင်တော့ မည်သည့်
    လမ်းကြောင်းကိုမျှမပေါ်စေဘဲနဲ့ ကိုယ်လိုချင်တဲ့ စာသားကို
    ရှင်းလင်းစွာပေါ်စေမှာဖြစ်ပါတယ်။
    အဲဒါကိုကြည့်ချင်းအားဖြင့် @echo on နဲ့ off ရဲ့ ခြားနားချက်ကို သိနိုင်ပြီးတော့ @echo off ကို သုံးတာ
    ပိုကောင်းတယ်ဆိုတာကို နားလည်သွားမယ်ထင်ပါတယ်။
    နောက်တစ်ဆင့်အနေနဲ့ echo အကြောင်းရှင်းပြပါ့မယ်
    ကျနော်တို့ဟာ ရိုးရိုး စာကြောင်းတစ်ကြောင်းလောက် ကို Program Run တုန်းပြချင်တယ်ဆိုရင် (ဥပမာ ခုနက Program ထဲကလို “Hello this is a First
    Program” ဆိုတဲ့ simple phrase တစ်ခုလောက်ကိုဘဲ ပြချင်တယ်ဆိုရင်တော့ echo
    ကို ဖော်ပြချင်တဲ့စာသားရှေ့မှာ ထားပြီးရေးနိုင်ပါတယ်.
    အခု pause အကြောင်းရှင်းပြပေးပါမယ်
    pause ဆိုတာကတော့ ရပ်တာပါ
    batch file ကို run နေရင်းနဲ့ ခဏနားချင်ရင် pause ကို သုံးပါတယ်။ သူ့ကိုသုံးရင် batch file က ကျနော်တို့ ဆီက key တစ်ခုခု မနှိပ်မချင်း
    အလုပ်မလုပ်တော့ပါဘူး။ key တစ်ခုခုနှိပ်လိုက်မယ်ဆိုရင်တော့
    သူလုပ်စရာရှိတာဆက်လုပ်သွားပါလိမ့်မယ်။ ခုနက Program ၂ ခုမှာ ဆိုရင်တော့
    pause ပြီးတော့ ဘာမှ ဆက်မရေးထားလို့ ဘာအလုပ်မှ ဆက်လုပ်မှာ မဟုတ်ဘဲ program
    ကနေ ထွက်သွားမှာဖြစ်ပါတယ်။
    pause ကို ထပ်မံနားလည်စေဖို့ အောက်က ဥပမာလေးကို လေ့လာကြည့်ပါမယ်
    @echo off
    echo Hello Welcome Back
    pause
    echo I am testing pause function
    pause
    အဲဒါကို အပေါ်က ဥပမာတွေ အတိုင်း Save ပြီး Run ရင်တော့ အဖြေအတိုင်းဖော်ပြပါလိမ့်မယ်
    Hello Welcome Back
    Press any key to continue…
    I am testing pause function
    Press any key to continue…
    အဲဒီ့ Program လေးကို စမ်းပြီးရင်တော့ pause ကို နားလည်သွားလောက်ပြီထင်ပါတယ်။
    အခုနောက်ထပ် နည်းနည်း အဆင့်မြင့်တဲ့ Command တွေကို လေ့လာကြည့်ရအောင်
    msg နဲ့ cls အကြောင်းကို အရင်လေ့လာကြည့်ပါမယ်
    အရင်အတိုင်း ဥပမာလေးတွေနဲ့ လေ့လာကြည့်ရအောင်
    Notepad ကို ပြန်ဖွင့်ပြီးတော့ အောက်က Code လေးတွေကို ရိုက်ထည့်ကြည့်ပါမယ်….
    @echo off
    echo Hello I am back
    pause
    cls
    echo I am testing cls and msg commands
    msg * Bye Bye
    pause
    ပြီးရင်တော့ test3.bat နဲ့ သိမ်းပြီး Run လိုက်ပါ
    သူ့ အဖြေကတော့ အောက်ပါအတိုင်းဖြစ်ပါလိမ့်မယ်
    Hello I am back
    Press any key to continue…
    (မှတ်ချက်၊၊ ၊၊ ဒီနေရာ ရောက်လို့ အကယ်လို့များ ကျနော်တို့ဟာ သူပြောတဲ့ အတိုင်း key တစ်ခုခုကို နှိပ်လိုက်မယ်ဆိုရင် program က cls ဆိုတဲ့ code
    ရဲ့ အလုပ်ကို ဆက်လုပ်မှာ ဖြစ်ပါတယ်။
    အဲလို လုပ်မယ်ဆိုရင်တော့ ခုနက ပေါ်ခဲ့တဲ့ Hello I am back ဆိုတာကြီးက ပျောက်သွားမှာဖြစ်ပါတယ်။
    ပြီးရင် cls ရဲ့ အောက်က echo ဆိုတဲ့ code အတွက် အလုပ်လုပ်ပါလိမ့်မယ်…key
    တစ်ခုခုကို နှိပ်လိုက်တယ်လို့ သဘောထားပြီး
    ဆက်ကြည့်ကြရအောင်….အခုဆိုရင်တော့ အောက်မှာ ပြထားတဲ့ စာသားဟာ သင့် ရဲ့
    Black Screen ပေါ်ရောက်နေလောက်ပါပြီ…)
    I am testing cls and msg commands
    (ဒီစာပေါ်ပြီးတာနဲ့ message box တစ်ခုကျလာပါလိမ့်မယ် message box ထဲက စာသားကတော့ )
    Bye Bye
    (ပါတဲ့ ပြီးရင်တော့ အရင်အတိုင်း)
    Press any key to continue…
    (ဆိုတာလေးလာမှာပါ)
    နားလည်ပါ့မလားတော့မသိဘူး… ကျနော်လည်း ဘယ်လိုရှင်းရမှန်းမသိလို့ ရှင်းလင်းချက်တွေကို ကွင်းစ ကွင်းပိတ် () ထဲထည့်ရေးလိုက်တယ်နော်။
    အဲဒီ့တော့ cls နဲ့ msg ကို ဘယ်လိုနားလည်လိုက်ပါသလဲ….
    အစ်ကို ၊ အစ်မ တို့ ဘယ်လိုနားလည်လဲတော့မသိဘူး ၊ ကျနော်ပြောပြချင်တာကတော

    -cls ဆိုတာရဲ့ အရှည်ကောက်က Clear Screen ပါ (Java သင်ဖူးတဲ့သူအားလုံးသိသလို ၊ ကွန်ပြူတာကိုင်ဖူးရင်တောင် သိပါတယ်) သူက Screen မှာရှိတဲ့ စာသားတွေကို ရှင်းထုတ် (ဖျက်ထုတ်) ပေးရုံသက်သက်ပါ။
    -msg ဆိုတာကတော့ Message ရဲ့ အတိုကောက်ဖြစ်ပြီးတော့ သူက User ကို Message Box တစ်ခုချပေးတာဖြစ်ပါတယ်။ GUI လေးနဲ့ပေါ့…
    နောက်ထပ် Command တွေ အကြောင်းဆက်လေ့လာလိုက်ရအောင်….
    အခုတစ်ခါရှင်းပြချင်တာကတော့ rem နဲ့ start ဆိုတာလေးတွေပါ…
    အဲဒါတွေကို စမ်းဖို့အတွက် Folder တစ်ခုကို Test ဆိုတဲ့ နာမည်နဲ့ ဆောက်ပေးပါ…
    ပြီးရင် အဲဒီ့ထဲကို စိတ်ကြိုက် ပုံတစ်ပုံထည့်ပြီးတော့ testpic ဆိုတဲ့ နာမည်ပေးလိုက်ပါ…
    နောက်တစ်ဆင့်အနေနဲ့ Notepad ကို ဖွင့်ပြီး အောက်မှာရှိတဲ့ Coding တွေကို ရိုက်ထည့်ပေးပါ…
    @echo off
    echo We are testing start and rem
    rem title TEST4
    start testpic.jpg
    pause
    ပြီးရင်တော့ test4.bat ဆိုပြီး ခုနက Test ဆိုတဲ့ Folder ထဲမှာ save ပြီး Run လိုက်ပါ. အောက်မှာ ပြထားတဲ့ အတိုင်းမြင်ရပါလိမ့်မယ်။
    We are testing start and rem
    Press any key to continue
    (key တစ်ခုကို ထပ်နှိပ်လိုက်ရင် ခုနက စိတ်ကြိုက်ရွေးပြီးတော့ ထည့်ထားတဲ့ testpic.jpg ကို မြင်ရမှာပါ။ ပုံရဲ့ extension ကိုကော
    ရွေးလိုက်တဲ့ပုံပေါ်မူတည်ပြီး .png ၊ .gif စသည်ဖြင့်ကွဲပါလိမ့်မယ်)
    အဲဒါဆိုရင်တော့ အပေါ်က Program ကို နားလည်ပြီထင်ပါတယ်။
    -start ဆိုတာကတော့ စိတ်ကြိုက် file တစ်ခုကို ခေါ် run ပေးတာဖြစ်ပါတယ်။ သူ့အနောက်မှာ ဘာမှ မပါဘဲနဲ့ start သီးသန့် ရေးခဲ့မိရင်တော့ နောက်ထပ်
    အမည်းရောင် screen ပေါ်လာမှာဖြစ်ပါတယ်။
    -rem ဆိုတာက တကယ်တော့ remark ကို ခေါ်တာပါ. ဒါပေမယ့် သူက bat file run နေတုန်းမှာ မမြင်ရတတ်ပါဘူး. (ဘယ်အချိန်မြင်ရလည်းတော့ ကျနော်လည်းမသိဘူး သိချင်ရင်တော့ ရှာလိုက်ကြပေါ့နော်)
    အခု goto ၊ set နဲ့ if ကို ရှင်းပါတော့မယ်…
    အခုမှစလေ့လာသူတွေအတွက် ဒီအပိုင်းက နည်းနည်းစပြီးတော့ ရှုပ်လာမှာဖြစ်လို့သေချာလေး လိုက်လုပ်ကြည့်စေချင်ပါတယ်။
    အောက်မှာပေးထားတဲ့ Code တွေကို Notepad ထဲမှာ ရိုက်ထည့်လိုက်ပါ…
    @echo off
    echo This is a Test
    echo If you want to do math type 1 and press enter
    echo If you want to see a picture type 2 and press enter
    set /p option=
    if ‘%option%’==’1′ goto :math
    if ‘%option%’==’2′ start testpic.jpg (အပေါ်မှာတုန်းကလိုဘဲ ကြိုက်တဲ့ Extension ကို သုံးနိုင်ပါတယ်။)
    :math
    echo 2+2
    pause
    ပြီးရင်တော့ ခုနက Folder ထဲမှာဘဲ test5.bat ဆိုပြီး save ပြီးရင် Run ပါမယ်။
    Run လိုက်ရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်းပြပါလိမ့်မယ်…
    This is a Test
    If you want to do math type 1 and press enter
    if you want to see a picture type 2 and press enter
    (ဒီအဆင့်ကို ရောက်ရင်တော့ 1 နဲ့ 2 နှစ်ခုထဲက ကြိုက်ရာတစ်ခုကို ရွေးနိုင်ပါတယ်)
    (၁ ကိုရွေးမယ်ဆိုရင်တော့ အောက်က 2+2 ဆိုတာကို ပြပေးပါလိမ့်မယ်)
    2+2
    (၂ ကို ရွေးခဲ့မယ်ဆိုရင်တော့ ထည့်ထားတဲ့ စိတ်ကြိုက်ပုံလေးထွက်လာပါလိမ့်မယ်…)
    (ပြီးရင်တော့ ထုံးစံအတိုင်း Press any ….. ပါဗျာ )
    Press any key to continue…
    အပေါ်ကရလာတဲ့ အဖြေကို ကြည့်ပါ ပြီးရင် မူရင်း coding ကို ပြန်ကြည့်ကြည့်ပါ…
    goto ရဲ့ အလုပ်လုပ်ပုံကို နားလည်လာပါလိမ့်မယ်။ goto ဆိုတာကတော့ Coding ထဲမှာပါမယ့် နာမည်တစ်ခုပေးထားတဲ့ program အပိုင်းလေးတစ်ခုဆီကို
    ညွှန်းချင်ရင်သုံးပါတယ်။
    (အခြား Programming Language အနေနဲ့ ဆိုရင် Function တွေ Procedure တွေကို ခေါ်တဲ့ အလုပ်လုပ်ပါတယ်)
    အပေါ်က Program ထဲမှာဆိုရင် ကျနော်တို့ဟာ :Math ဆိုတာကို သုံးခဲ့တာတွေ့မှာပါ…
    အဲဒီ့ Math အောက်မှာ ရေးထားတဲ့ ဟာတွေအားလုံးဟာ Math နဲ့
    ဆိုင်တာတွေဖြစ်ပါတယ်။ အဲဒါဆိုရင် goto :Math ဆိုပြီးရေးလိုက်တဲ့
    အခါမှာတော့ Program ရဲ့ အလုပ်လုပ်ခြင်းတွေဟာ Math ဆီကို ရောက်သွားပြီး
    Math ရဲ့ ကိစ္စတွေကို လုပ်ဆောင်ပါလိမ့်မယ်။ ဒီလောက်ဆို goto
    အကြောင်းသိလောက်ပြီထင်ပါတယ်။
    (မသိသေးရင် လည်း ပြန်ဖတ်ပေါ့. နားမလည်ရင်တော့ တခြားသူရေးတဲ့စာသာ ဖတ်လိုက်တော့. ကျနော်
    အရည်အချင်းမရှိလို့ ဒီလောက်လွယ်တာကို နားလည်အောင်မရေးနိုင်တာလို့လည်း
    သတ်မှတ်လိုက်ပါ။)
    ခုနက Coding မှာပါတဲ့ set နဲ့ if ရဲ့အကြောင်းစရှင်းပါတော့မယ်
    သူတို့ ၂ ခုကို ရောပြီးရှင်းမှာ ဖြစ်ပါတယ်… နားလည်အောင် သေချာကြည့်ပေးပါ.
    set ဆိုတာကတော့ တစ်ခုခုကို သတ်မှတ်တာပါ
    သူ့ကို ရေးရမယ့် တကယ့် Syntax ကတော့
    set variable=[string] ဖြစ်ပါတယ်။
    ဒါပေမယ့် If နဲ့ တွဲသုံးချင်တဲ့ အခါမျိုးတို့ မှာတော့ set X စသည်ဖြင့် X တစ်လုံးတည်းကို Variable ကြေငြာလေ့ရှိပါတယ်။ အဲလို ကြေငြာခဲ့တယ်ဆိုရင်တော့ X ထဲကို ကြိုက်တဲ့
    Variable ၀င်လာခွင့်ရှိပါတယ်။
    Set အကြောင်းသိချင်ရင်တော့ Run>>cmd>>set /? ဆိုပြီးရိုက်ထည့်လိုက်ပါ.. ပြီးရင်တော့ ကိုယ့်ဟာကိုယ်ဆက်ဖတ်နိုင်ပါတယ်
    ခုနက Program ကို ပြန်ဆက်ပါမယ်…
    ကျနော် တို့ ခုနက Code ထဲမှာ set /p option= ဆိုပြီးတော့ ရေးခဲ့ပါတယ်
    အဲဒါကို set choice ဆိုပြီးတော့ အလွယ်ပြောင်းမြင်ကြည့်ရအောင် (/p ပါရင်ရှုပ်နေမှာဆိုးလို့ပါ.. ပြီးတော့ ကျနော်ကိုယ်တိုင်လည်း မေ့နေတာပါတယ်…
    နောက် သတိရရင် ပြန်ရှင်းပေးမယ်လေ. မရတော့လည်း မရှင်းတော့ဘူးပေါ့ )
    အပေါ်က Program ကို set choice ဆိုပြီး ပြောင်းရေးလိုက်ပြီဆိုပါစို့
    ဒါဆိုရင် အကယ်လို့ ကျနော်တို့သာ 1 ကို ရိုက်မယ်ဆိုရင် choice ဆိုတဲ့ variable ထဲကို 1 ၀င်သွားပါလိမ့်မယ်။
    ပြီးရင်တော့ ခုနကလိုဘဲ :Math ဆိုတဲ့ အလုပ်ကို ဆက်လုပ်ပါလိမ့်မယ်
    အဲဒီ့ ပြင်ရေးလိုက်တာလေးကို အောက်မှာ ပြန်စမ်းရေးကြည့်ရအောင်
    set choice
    if ‘%choice%’==’1′ goto :math
    ဒါဆိုရင်တော့ အကယ်လို့ ကျနော်တို့က 1 လို့ရိုက်ထည့်ရင် choice ထဲကို 1 ၀င်မယ် ပြီးရင်တော့ Math ဆိုတဲ့ function အလုပ်ကို လုပ်ပါလိမ့်မယ်.(if မှာပါတဲ့ % ဆိုတာတွေကိုတော့
    ကျနော်ကိုယ်တိုင်မေ့နေလို့ ချန်လှပ်ထားခဲ့ပါရစေ) အခုက Basic
    အပိုင်းဆိုတော့ အဲဒါတွေ မသိသေးးလဲ ကိစ္စမရှိသေးပါဘူး….
    ဒီလောက်ဆိုရင် if ၊ set နဲ့ goto ကို နားလည်သွားပြီလို့ထင်ပါတယ်။
    အခု ကျနော် ပထမဆုံး စပြောချင်တာကတော့ call နဲ့ exit တို့ အကြောင်းဖြစ်ပါတယ်။
    အရင်တခေါက်ကလိုဘဲ Notepad ထဲသွားပြီးတော့ အောက်မှာ ရှိတဲ့ Code တွေကို ရိုက်ထည့်လိုက်ပါ။
    @echo off
    echo WoW I know the basics of batch
    call call.bat
    pause
    exit
    ပြီးရင်တော့ Folder အသစ်တစ်ခုတည်ဆောက်ပြီး အဲဒါကို adv1.bat ဆိုတဲ့နာမည်နဲ့ သိမ်းလိုက်ပါ။
    နောက်တစ်ခါ Notepad ကို ပြန်ဖွင့်ပါ။ ပြီးရင် အောက်မှာ ရှိတဲ့ Code ကို ထပ်ရိုက်ပါ။
    @echo off
    echo I Love *Y*
    pause
    ပြီးရင်တော့ ခုနက Save ထားတဲ့ adv1.bat နဲ့ တူတူ Folder ထဲမှာ call.bat ဆိုတဲ့နာမည်နဲ့ Save လိုက်ပါ။
    နောက်တစ်ဆင့်အနေနဲ့ ပထမရေးထားတဲ့ adv1.bat ဆိုတာကို Run လိုက်ပါ။
    အောက်မှာ ပြထားတဲ့ အတိုင်း Screen မှာ ပေါ်လာပါလိမ့်မယ်။
    WoW I know the basics of batch
    I Love *Y*
    Press any key to continue… (ကြိုက်တဲ့ Key တစ်ချက်နှိပ်လိုက်ပါ)
    Press any key to continue… (ဒီစာကြောင်းလေး နောက်တစ်ခါထပ်ပေါ်လာမှာပါ။ နောက်ထပ် ကြိုက်တဲ့ Key ကို နှိပ်မှ Program က ထွက်သွားပါလိမ့်မယ်)
    အဲဒါကို ကြည့်ချင်းအားဖြင့် exit က ဘာအလုပ်လုပ်တယ်ဆိုတာ သိမှာပါနော်..
    နောက်တစ်ခုအနေနဲ့ call ပါ… call ဆိုတာကတော့ နောက်ထပ် batch file တစ်ခုကို ခေါ်သုံးတာပါ။
    ဒီလောက်ဆို call နဲ့ exit အကြောင်းသိလောက်ပြီထင်ပါတယ်။
    ကျနော်ရေးတာက အလွယ်အဆင့်ကနေ အခက်အဆင့် ကို သွားနေတာတော့ မဟုတ်ဘူးနော်။ ကျနော့် မှာ ကိုးကားစရာစာအုပ်က မရှိတော့လို့ ဟိုရောက်ဒီရောက်နဲ့ ကျနော် သတိရပြီးတော့ သိသေးသမျှတွေရေးပေးနေတာပါ။ ဖတ်ရတာ
    အခက်အခဲတော့ နည်းနည်းရှိမယ်လို့ထင်တယ်။ နားလည် ပေးမယ်လို့ထင်ပါတယ်။
    ဟုတ်ကဲ့ပါ အခု ကျနော် ရေးပေးမှာကတော့ Windows Application တစ်ခုကို ဘယ်လို ခေါ် Run မလဲဆိုတာပါ
    အောက်မှာပေးထားတဲ့ Code ကို Notepad မှာရိုက်ထည့်ကြည့်ပါ့မယ်…
    @echo off
    echo I am testing to call Notepad.exe
    start /MIN notepad
    pause
    အဲဒါကို save ပြီးတော့ Run မယ်ဆိုရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်းပေါ်လာပါလိမ့်မယ်။
    I am testing to call Notepad.exe
    (အဲဒါလာပြီးရင် Notepad က minimized အနေအထားနဲ့ ပေါ်လာပါလိမ့်မယ်။ /MIN နေရာမှာ /MAX လို့ထားရင်တော့ maximized အနေအထားနဲ့ ပေါ်မှာပါ)
    Press any key to continue…
    နောက်တစ်ဆင့်အနေနဲ့ batfile ထဲကနေ ထွက်ဖို့ အချိန်သတ်မှတ်ပေးကြည့်ရအောင်
    အောက်မှာပေးထားတဲ့ Code လေးတွေကို Notepad ထဲမှာရေးပေးပါ
    @echo off
    echo i am trying timeout
    set wait=0
    :pause1
    set /a wait=%wait%+1
    if %wait% leq 1000 goto pause1
    echo IT WORKED!!!
    pause
    ဒီ Code တွေကို နားမလည်ဘူးဆိုရင်တော့ Copy Paste သာလုပ်ပြီးတော့ Notepad ထဲကို ထည့်လိုက်ပါတော့။
    ကျနော် အပေါ်မှာရေးဖူးတဲ့ နှစ်ခုထဲမှာ set အကြောင်း အနည်းငယ်ပါပြီးတော့ if နဲ့ condition စစ်တာလည်း ပါသလို
    :pause1 လိုမျိုး Function ခွဲရေးတာလည်း ဘာဆိုတာ ပါပါတယ်။ အဲဒီ့တော့ ဒါကို နားမလည်ရင်လည်း အဲဒါလေးတွေ ပြန်ကြည့်လိုက်ရင် အကြမ်းဖျင်းတော့
    သဘောပေါက်မှာပါ။
    % တွေ /a တွေနဲ့ ကျန်တဲ့ နားမလည်တာတွေကို ချန်ထားခဲ့ပါ။ အကယ်လို့ ကျနော် အချိန်ရရင် Parameter တွေ အကြောင်းကို
    ကျယ်ကျယ်ပြန့်ပြန့် ထပ်ဆွေးနွေးပေးပါ့မယ်။ ခုတော့ ဒီတိုင်း
    သဘောပေါက်ရုံလောက်လေး ထားပြီး အဲဒါလေးကို Save ပြီးရင် Run လိုက်ပါ။
    အောက်မှာ ပြထားတဲ့ အတိုင်းပေါ်လာပါလိမ့်မယ်…
    I am trying timeout
    (ပြီးရင်တော့ စက္ကန့် နည်းနည်းလောက်စောင့်ရပါလိမ့်မယ်) (အဲဒါကတော့ :pause1 ထဲမှာ ရေးထားတဲ့ Code ကြောင့်ပါ။)(အဲဒါကို စောင့်ပြီးရင်တော့
    နောက်တစ်ကြောင်းလာပါလိမ့်မယ်)
    IT WORKED!!!
    Press any key to continue…
    ဒါဆိုရင်တော့ စက္ကန့် ဖြစ်ဖြစ် မိနစ်ဖြစ်ဖြစ် သတ်မှတ်ပြီးတော့ batch file run တာကို ရပ်ခြင်းအား ကျနော်တို့ စမ်းသတ်ပြီးပါပြီ။ ဘယ်လို အလုပ်လုပ်တယ်ဆိုတာလည်း
    နားလည်မယ်လို့ထင်ပါတယ်။
    ကျနော် နောက်ထပ် တစ်ဆင့်အနေနဲ့ TIME ဆိုတဲ့ Command အကြောင်းကို ရှင်းပြပေးပါ့မယ်
    အောက်မှာ ပေးထားတဲ့ Code တွေကို Notepad ထဲမှာ ရေးလိုက်ပါ…
    @echo off
    echo Hello…. What time it is!!!
    TIME 12:00
    echo oHH it is 12:00
    pause
    အဲဒါကို Save ပြီး Run မယ်ဆိုရင်တော့ အောက်မှာ ပြထားသလို မြင်ရပါလိမ့်မယ်…
    Hello…. What time it is!!!
    oHH it is 12:00
    ဒါဆိုရင် TIME က ဘာအလုပ်လုပ်လည်း ဆိုတာ သိပြီလို့ထင်ပါတယ်။ စက်ရဲ့ အချိန်ကို ပြောင်းပေးတာပါ။
    နောက်တစ်ဆင့်အနေနဲ့ ကျနော်တို့ DOS ထဲမှာ ပြမယ့် စာသားတွေနဲ့ နောက်ခံတွေ ကို အရောင်လေးတွေနဲ့ အလှဆင်ကြည့်ကြပါမယ်။
    အောက်မှာ ပေးထားတဲ့ Code တွေကို Notepad ထဲကူးပြီး Save ပြီး Run လိုက်ပါ။
    @echo off
    echo I am trying the colors
    pause
    color 04
    echo testing
    pause
    color f
    echo again
    pause
    color 4f
    echo DONE
    pause
    Run လိုက်ရင် ဘယ်လိုဖော်ပြတယ်ဆိုတာတော့ ကိုယ့်ဟာကိုယ် လုပ်ကြည့်လိုက်ပါ။ ကျနော် Code တွေကို ဘဲရှင်းပြပေးပါတော့မယ်။
    color ဆိုတာကတော့ အရောင်သတ်မှတ်တယ်ဆိုတာ လူတိုင်း သိပါလိမ့်မယ်။ သူ့နောက်မှာ ထည့်တဲ့ Code တွေကို ရှင်းပြပါ့မယ်။
    04= background black နဲ့ font ကို red ထားတာပါ
    f = font ကို white ထားတာပါ
    4f = background red နဲ့ f ကို white ထားတာပါ
    ပိုပြီး အသေးစိတ်သိချင်ရင်တော့ Run>>cmd>>color /? ဆိုပြီးရိုက်လိုက်ပါ။
    0=balck
    1=blue
    2=green
    3=aqua
    4=red
    5=purple
    6=yellow
    7=white
    8=gray
    9=light blue
    a=light green
    b=light aqua
    c=light red
    d=light purple
    e=light yellow
    f=bright white
    အဲဒီ့လိုဖော်ပြပါလိမ့်မယ်။ အဲဒါတွေကို ခုနက ကျနော်တို့ သုံးသလိုမျိုး color 9f စသည်ဖြင့် တွဲသုံးနိုင်ပါတယ်။
    ရှေ့မှာထားတဲ့ ဟာက Back Color ဖြစ်ပြီးတော့ နောက်ကဟာက Font Color ဖြစ်ပါတယ်။
    ဒီလောက်ဆိုရင်တော့ Color တွေ အကြောင်းသိနိုင်ပါပြီ။ ဥာဏ်ရှိသလို ချဲ့ထွင်အသုံးချ သွားနိုင်ပါတယ်။
    အခုနောက်တစ်ဆင့်အနေနဲ့ Title ပြောင်းတာကို ပြောပြပေးပါ့မယ်
    အောက်က Code တွေကို Notepad ထဲမှာရေးပြီး Save လိုက်ပါ။
    @echo off
    title Myanmar IT Resource
    echo Trying to change the title
    pause
    အဲဒါကို Run လိုက်ရင်တော့ Title Bar မှာ Myanmar IT Resource ဆိုပြီးဖော်ပြပါလိမ့်မယ်
    နောက်တစ်ဆင့် အနေနဲ့ Shutdown နဲ့ Restart ကို စမ်းကြည့်ကြပါမယ်။
    @echo off
    start C:\Windows\RUNDLL.EXE user.exe,exitwindowsexec
    exit
    အဲဒီ့ အပေါ်ကကောင်လေးကို save ပြီး Run မယ်ဆိုရင်တော့ Restart ကျသွားပါလိမ့်မယ်။
    @echo off
    start C:\Windows\RUNDLL32.EXE user,exitwindows
    exit
    အပေါ်ကဟာလေးကို Run ရင်တော့ Shutdown ပါ.
    နောက်ထပ် နည်းတွေလည်း ရှိပါသေးတယ်။ တခြားနည်းတွေက လူတိုင်းသိပြီးသားတွေမို့လို့ ဒီနည်းလေးကို ဖော်ပြပေးလိုက်တာပါ။ code
    တွေကတော့ ရှင်းရှင်းလင်းလင်းတွေ မို့လို့ လူတိုင်းနားလည်မယ်ထင်လို့ ထပ်
    မရှင်းပြတော့ဘူးနော်။ နားမလည်လောက်စရာလည်း မပါဘူးလို့ထင်ပါတယ်။
    နော်တို့ For Loop အကြောင်းလေး စလိုက်ရအောင်
    သူ့ကို ရေးမယ်ဆိုရင် ရေးပုံရေးနည်းကတော့
    FOR %%PARAMETER IN(set) DO command
    For Loop ရဲ့ Syntax ကိုတွေ့လို့ စိတ်မညစ်သွားပါနဲ့။ ကျနော် အတတ်နိုင်ဆုံး နားလည်လွယ်အောင်ရေးပေးပါ့မယ်။
    ကျနော့် တုန်းက ဆိုရင် ဒီ Looping အပိုင်းလည်း ရောက်ရော သင်ပေးမယ့်သူလည်း မရှိ ၊ Google မှာရှာတော့ လည်း အပြည့်အစုံမရနဲ့ တော်တော် ဒုက္ခရောက်ခဲ့ရတာ။
    အခုတော့ ကျနော်လည်း နားလည်သင့်သလောက် နားလည် ခဲ့ပြီးပြီမို့ မှတ်မိသလောက်
    ပြန်လည်မျှဝေတာပါ။
    အစ်ကို တို့ ဒီအပိုင်းမှာ ဖတ်ရတာ နားမလည်တော့ လို့ စိတ်ညစ်ပြီးတော့ Bat ကို မလေ့လာတော့တာ မျိုးတော့ မလုပ်ပါနဲ့ လို့
    တောင်းဆိုချင်ပါတယ်။ ကျနော့်တုန်းကလည်း အဲလို စိတ်မျိုးဖြစ်ဖူးလို့ပါ။
    နားမလည်ရင် ကျနော့်ကို မေးပါ။ ကျနော်မသိရင်လည်း ကျနော့်ထက်တော်တဲ့
    တတ်တဲ့သူတွေကို ပြန်မေးပေးပါ့မယ်။
    အတတ်နိုင်ဆုံး နားလည်အောင်ရေးပေးမှာ ဖြစ်လို့ သေချာလိုက်လုပ်ပေးပါ။
    ကဲဒါဆိုရင် ကျနော့် ရေးနည်း ထုံးစံအတိုင်း အောက်က ဥပမာလေးနဲ့ စလိုက်ရအောင်
    @echo off
    cls
    for %%A in (abc,def,xyz) do echo %%A
    အဲဒါလေးရဲ့ Code တွေကို ရှင်းပြပါ့မယ်။ cls ကတော့ သိပြီးသားဖြစ်မှာပါ။
    For Loop ထဲမှာ Variable တစ်ခုဖြစ်တဲ့ %%A ကို ကြေငြာပါတယ်။ ပြီးတော့ သူ့ထဲကို မတူညီတဲ့ Value တွေကို (abc,def,xyz) ဆိုပြီတော့ ကွင်းထဲမှာကြိုထည့်ထားပါတယ်။ အဲဒီ့
    ကွင်းထဲကကောင်တွေကို တော့ predefined set value လို့ခေါ်ပါတယ်။ အဲဒါက
    Looping တစ်ခါပတ်တိုင်း တစ်ခါသတ်မှတ်ထားမှာပါ။
    နောက်ဆုံးက echo %%A ဆိုတာနဲ့ For Loop က Variable ရဲ့ တန်ဖိုးကို အသစ်ပြောင်းထည့်ပါတယ်။
    %%A ဆိုတာကတော့ Variable တစ်ခုဖြစ်ပြီး သူက Looping တစ်ခါပတ်တိုင်း မတူညီတဲ့ Values တွေ ကို predefined set ထဲက တန်ဖိုးတွေနဲ့ လက်ခံပါတယ်။
    0 ကနေ 9 ကလွဲရင် %% နောက်မှာ ကြိုက်တဲ့ character တစ်လုံးစီကို သုံးနိုင်ပါတယ်။
    IN(abc,def,xyz) ဆိုတာကတော့ For Loop လုပ်ဆောင်မယ့် list တစ်မျိုးဖြစ်ပါတယ်။
    ကျနော်တို့ Program က Looping တစ်ခါပတ်တိုင်းမှာ Variable ဖြစ်တဲ့ %%A ထဲကို () ကနေ အမျိုးမျိုးသော တန်ဖိုးတွေထည့်သွင်းနိုင်ပါတယ်။
    () ထဲက တန်ဖိုးတွေကို တော့ comma,colon တွေနဲ့ space bar စတာတွေနဲ့ ပိုင်းခြားနိုင်ပါတယ်ဗျာ။
    () ထဲက တန်ဖိုးမကုန်မချင်း For Loop ကအလုပ်လုပ်နေစေပါတယ်။
    DO ကတော့ Looping တစ်ခါပတ် တိုင်း ဘာအလုပ်လုပ်ချင်တယ်ဆိုတာပြောတာပါ။
    ခုနက ကျနော်တို့ ရေးခဲ့တဲ့ Program မှာဆိုရင်တော့ ECHO %%A နဲ့ အဖြေကို ရိုက်ထုတ်ထားပါတယ်။
    ထိုသို့ ရိုက်ထုတ်ထားချင်းအားဖြင့် Loop တစ်ခါပတ်တိုင်း abc ဆိုတဲ့ Variable A ထဲက တန်ဖိုးကို Looping အတွက် Do သုံးပြီး Echo နဲ့ အဖြေကို
    User ကို ပြသပေးပါတယ်။
    ကျနော် စာနဲ့ ပြောတာ နားမလည်ရင် ခုနက Program ကို Run ပြီးတော့ ကြည့်လိုက်ပါ။ အောက်ကပေးထားတဲ့ အဖြေအတိုင်းရပါလိမ့်မယ်။
    abc
    def
    xyz
    အဲလို တစ်ခုချင်းစီ Looping အတိုင်းထွက်လာမှာပါ။ Loop ၃ ခါပတ်ခဲ့ပါတယ်။ အဖြေကို do နဲ့ echo သုံးပြီးတော့ ၃ခါရိုက်ထုတ်ပါတယ်။ abc က A ထဲမှာ ပထမအကြိမ် Loop
    အတွက်ရှိမှာ ဖြစ်ပြီးတော့ ၊ def က ဒုတိယ loop ၊ xyz ကတော့ တတိယ loop မှာ
    ဖြစ်ပါတယ်။
    ဒါဆိုရင်တော့ ခုနက ရေးခဲ့တဲ့ Bat File လေးကို နားလည်ပြီးတော့ Forr Loop ကို လည်း အခြေခံအနေနဲ့ နည်းနည်းလေး နားလည်သွားမယ်ထင်ပါတယ်။
    For Loop က Parameter တွေနဲ့ တွဲပြီးသုံးတတ်ရင်သုံးတတ်သလို Powerful ဖြစ်ပါတယ်။
    for Loop ကို လေ့လာဖို့ နောက်ထပ်ဥပမာတစ်ခုလောက်လုပ်ကြည့်ရအောင်။ နည်းနည်း ခက်တော့ခက်မယ်ဗျ. ဘာလို့လည်း ဆိုတော့ ကျနော် အပေါ်မှာ ရေးပြဖို့
    ကျန်ခဲ့တာလေးတွေရှိနေလို့ပါ။ ကျနော် Parameter ကို define လုပ်တာနဲ့
    Parameter တွေက ဘယ်လို အလုပ်လုပ်တယ်ဆိုတာ မပြောခဲ့ရလို့ပါ။ အောက်က
    ဟာလေးကို Notepad မှာ ရေးကြည့်လိုက်ပါ။
    @echo off
    echo
    echo I am going to delete the following files:
    echo %1 %2
    echo.
    echo Press Ctrl+C to Abort process
    pause
    for %%a IN(%1 %2) do del %%a
    echo Killed Files. Mission Accomplished.
    ရေးပြီးပြီဆိုရင်တော့ သူ့ကို testfor.bat နဲ့ Save လိုက်ပါ။ ပြီးရင် ဒီတိုင်းထားပါ။ Program ကို မ Run လိုက်ပါနဲ့။
    Start>>Run>>cmd>> ထဲရောက်သွားရင် ခုနက ကျနော်တို့ ရေးခဲ့တဲ့ testfor.bat ရဲ့ လမ်းကြောင်းကို ပြောင်းလိုက်ပါ။ Path ပြောင်းတာတော့ ကျနော်လည်း
    အသေးစိတ်မပြောပြတော့ဘူးနော်။ cd Command နဲ့ ပြောင်းတယ်ဆိုတာ အားလုံး
    သိပြီသားဖြစ်မှာပါ။
    အဲဒီ့ လမ်းကြောင်းကို ပြောင်းပြီးရင်တော့ ခုနက save ခဲ့တဲ့ testfor.bat ကို ခေါ်လိုက်ပါ ပြီးရင် ဖျက်ချင်တဲ့ file name
    ကို အဲဒီ့နောက်မှာထပ်ရေးပါ။
    စာနဲ့ရေးတာ နားမလည်မှာဆိုးလို့ ကျနော် ဥပမာ ရေးပြလိုက်ပါမယ်။
    cmd ထဲရောက်နေပြီး လမ်းကြောင်းလည်းပြောင်းပြီးသားဆိုပါက
    မိမိ path လမ်းကြောင်း>testfor.bat a.txt b.txt
    အဲဒီ့မှာ a.txt နဲ့ b.txt ဆိုတာက ကျနော်ဖျက်ချင်တဲ့ ဖိုင်နာမည်ပါ။ အဲဒီ့နေရာမှာ ကြိုက်တာထားလို့ရပါတယ်။ *.txt , *.pdf အစရှိသဖြင့်ပေါ့။ အဲလိုရိုက်ပြီး enter ခေါက်လိုက်ရင်တော့
    အဲဒီ့ file Name တွေပျက်သွားမှာ ဖြစ်ပါတယ်။ အပေါ်ကဥပမာလေးကတော့ For ကို
    Parameter တွေနဲ့ တွဲသုံးပြီးတော့ ဘယ်လောက် အသုံးတဲ့တယ်ဆိုတာကို
    သက်သေပြလိုက်တာပါ။
    စာဖတ်သူတို့ အဆင်ပြေရင်ပြေသလို ဥာဏ်ရှိရင် ရှိသလို ချဲ့ထွင်ရေးနိုင်ကြပါတယ်။ကဲဒါဆို ကျနော် ခုနက ဥပမာ ရဲ့ အလုပ်လုပ်ပုံ
    လုပ်နည်းကို ရှင်းပြပြီးပြီ ဖြစ်လို့ Code တွေကို နည်းနည်း
    ပြန်ရှင်းပြပါမယ်။ မှတ်မိသွားအောင်ပေါ့။
    4 လိုင်းမြောက်က echo %1 %2 ဆိုတာကတော့ For ထဲမှာ ကြေငြာထားတဲ့ a ဆိုတဲ့ Variable ထဲမှာ၇ှိမယ့် %1 နဲ့ %2 ထဲက Variable ကို ရိုက်ထုတ်တာပါ။
    ထိုသို့ ပြုလုပ်ခြင်းအားဖြင့် ကျနော်တို့ဟာ ခုန Run ကြည့်တုန်းလိုမျိုး I am going to delete the
    following files: ဆိုတဲ့ စာသားအောက်မှာ ကျနော်တို့ ရိုက်ထည့်လိုက်တဲ့
    a.txt နဲ့ b.txt ကို ဖော်ပြပေးတာပါ။ OK?
    ၅ လိုင်းမြောက်မှာတော့ ပုံမှန် echo နောက်မှာ . လေးကို ထည့်ထားတာပါ။ ထိုသို့ထည့်ထားခြင်းအားဖြင့် တစ်လိုင်းခြားတဲ့ ကိစ္စကို လုပ်ဆောင်ပေးပါတယ်။ (အရင်က မပြောခဲ့ရလို့ အခုမှ
    ဖြည့်ပြောပေးတာပါ)
    ဒါဆို for looping ကို ရေးထားတဲ့ နေရာကို ရှင်းပြပေးပါ့မယ်။
    ဖတ်ရ ခက်မှာ စိုးလို့ အပေါ်ကဥပမာထဲက For Loop အတွက် Code ကို ပြန်ရေးပေးလိုက်ပါတယ်။
    for %%a IN(%1 %2) do del %%a
    ဒါဆိုရင် Program လေးလဲ Run ပြီးသားဆိုတော့ For Loop ထဲက လုပ်ငန်းတွေကိုနည်းနည်းတော့ သဘောပေါက်နေပြီထင်ပါတယ်။
    ပိုပြီးတော့ နားလည်သွားအောင် ကျနော် နည်းနည်း လျှာရှည်လိုက်ပါ့မယ်။
    %%a ဆိုပြီးတော့ a ဆိုတဲ့ Variable လေးတစ်ခုကြေငြာပါတယ်။
    အဲဒီ့ a ထဲကို IN(%1 %2) ဆိုပြီးတော့ a ထဲကို 1 နဲ့ 2 ကို ထည့်ထား သတ်မှတ်ထားပါတယ်။
    ပြီးတော့ do ဆိုပြီး ခုနက a ထဲမှာ ရောက်နေမယ့် တန်ဖိုး ၂ ခုကို del ဆိုတဲ့ command နဲ့ ဖျက်လိုက်ပါတယ်။
    ဒီလောက်ဆို နားလည်မယ်ထင်ပါတယ်။ For နဲ့ ပါတ်သက်လို့ ကျနော် ရှင်းပြနိုင်တာ ဒီလောက်ပါဘဲ။ ပိုမိုကောင်းမွန်တဲ့ Looping တွေနဲ့ ပြီးပြည့်စုံသော bat
    တစ်ခုကို ဖန်တီးပြီး PC ကို အပြည့်အ၀ အန္တာရာယ် အကြီးအကျယ်ပေးလို့ရတဲ့
    အတွက် အများကြီးမရှင်းပြတော့ပါဘူး။
    IF ကို Coding ထဲမှာ
    ထည့်သုံးခဲ့ဖူးပေမယ့် ကျနော် အသေးစိတ်ရှင်းပြခြင်းမရှိခဲ့ပါဘူး။
    အဲဒီ့အတွက် If နဲ့ ပါတ်သက်ပြီးကျယ်ကျယ်ပြန့်ပြန့်သိနိုင်အောင် အခု
    ရှင်းပြပေးပါ့မယ်။ အရင်ရက်တွေက ကျနော်ရေးခဲ့တဲ့ ဟာတွေက Ref မရှိပေမယ့်
    ဒီတစ်ခါရေးတဲ့ဟာကတော့ ကျနော်ကိုယ်တိုင်လည်း ပြန်လည်စိတ်ပါလာပြီး IF နဲ့
    ပါတ်သက်လို့ အသေးစိတ်ရေးပေးချင်တဲ့ စိတ်လည်း ရှိတာကြောင့် Google
    ကနေရှာဖွေပြီး Ref လုပ်ပေးလိုက်ပါတယ်။
    ကျနော်တို့ရဲ့ Batch File Programs တွေကို Intel ရှိစေဖို့နဲ့ ပိုမို အသုံးတည့်စေလိုတဲ့ အခါတွေမှာ If statement တွေကိုအသုံးချနိုင်ပါတယ်။
    သူ့ကို အသုံးချခြင်းအားဖြင့် ကျနော်တို့ သတ်မှတ်ထားတဲ့ parameter တွေ Variable
    တွေကို စစ်ပြီးတော့ သက်ဆိုင်ရာ Task တစ်ခုစီကို အလုပ်လုပ်စေတာမျိုးတွေ
    ကိုလုပ်နိုင်ပါတယ်။ ဒါတင်မကသေးပါဘူး သူက ကျနော်တို့လိုချင်တဲ့ File ကို
    လိုချင်တဲ့နေရာမှာ ရှိမရှိကိုပါ စစ်ပေးနိုင်ပါသေးတယ်။
    ခြုံငုံပြောရမယ်ဆိုရင်တော့ If ကို Variable တွေကို စစ်တဲ့ အခါမှာ
    သုံးတယ်လို့ အကြမ်းဖျင်းမှတ်နိုင်ပါတယ်။
    IF ဖြင့် File ရှိမရှိကိုစစ်ဆေးခြင်း
    File တစ်ခုကို ကျနော်တို့ လိုချင်တဲ့ နေရာမှာ ရှိမရှိကို စစ်ချင်တယ်ဆိုရင် အသုံးပြုလေ့ရှိတယ် If ရဲ့ ရေးပုံရေးနည်းကတော့…
    IF EXIST FILENAME Command
    ကျနော့် ရေးသားပုံအတိုင်း If ရဲ့ ရေးပုံရေးနည်းကို နားလည်လွယ်စေဖို့ ဥပမာနဲ့ ရှင်းပြပေးပါ့မယ်။ အောက်မှာ ပေးထားတဲ့ Code ကို Notepad ထဲမှာ ကူးထည့်လိုက်ပါ….
    IF EXIST c:\autoexec.bat ECHO The File Exists at that place
    အပေါ်က Code ရဲ့ အလုပ်လုပ်မယ့်ပုံစံကို လေ့လာကြည့်ရအောင်…
    သူက c:\autoexec.bat ဆိုတဲ့ file ရှိမရှိကို စစ်ပါမယ် ၊ အကယ်လို့ရှိခဲ့မယ်ဆိုရင်တော့ echo နဲ့ ‘The File Exists at that place’
    ဆိုပြီးတော့ ဖော်ပြပေးမှာဖြစ်ပြီးတော့ ၊ မရှိခဲ့ဘူးဆိုရင်တော့
    ဘာအလုပ်မှဆက်လုပ်မှာ မဟုတ်ပါဘူး။
    Code ကို မရှင်းပြတော့ ဘဲ Program အလုပ်လုပ်မယ့် ပုံစံကို ရှင်းပြလိုက်တာ နားလည်လွယ်မယ်ထင်လို့ ကျနော် ပုံစံပြောင်းပြီးရှင်းပြရတာပါ။ မနေ့က For Loop ကို ကျနော် code တွေကိုပါ
    ရှင်းပြတာ ၊ ကျနော့်သူငယ်ချင်းတွေက နားမလည်ဘူးဆိုလို့ ဒီနေ့လည်း
    အဲလိုထပ်မဖြစ်ရလေအောင် Program Flow ကို ဘဲရှင်းပြသွားတာပါ။ For Loop ကို
    တော့ အခွင့်အခါသင့်လျှင်ထပ်ရှင်းပြပေးပါ့မယ်။
    အခုကျနော်တို့ အပေါ်က ဥပမာကို ပြန်ကြည့်လိုက်ပါ။ အကယ်လို့ File သာ မရှိတော့ရင် သူ အလုပ်မလုပ်တော့ပါဘူး။ အဲဒီ့လို မဖြစ်စေဖို့အတွက် ကျနော်တို့ဟာ else ပုံစံမျိုး
    အရေးအသားတစ်ခုထည့်ရေးလို့ရပါတယ်။ စဉ်းစားပုံကတော့ အကယ်လို့များ ကျနော်တို့
    လိုချင်တဲ့ file ရှိမယ်ဆိုရင် အလုပ်တစ်ခု လုပ်ခိုင်းပြီးတော့ ၊
    မရှိခဲ့ဘူးဆိုရင် နောက်အလုပ်တစ်ခုလုပ်ပါ ဆိုတာကို အရင်ရက်က
    ကျနော်ရေးပေးဖူးတဲ့ goto command ကို အသုံးပြုသွားမှာပါ။
    ဘယ်လိုရေးကြမယ်ဆိုတာ နားလည်လွယ်စေဖို့ အောက်မှာ ရှိတဲ့ ဥပမာလေးကို လေ့လာကြည့်ရအောင်….@echo off
    IF EXIST C:\syko.txt goto SYKO
    goto end
    :SYKO
    echo SYKO exists
    pause
    :end
    echo SYKO doesn’t exist
    pause
    အပေါ်က ဥပမာကို Run လိုက်မယ်ဆိုရင် အလုပ်လုပ်မယ့် ပုံစံကတော့….
    အကယ်လို့ C:\syko.txt သာရှိမယ်ဆိုရင် ကျနော်တို့ဟာ goto ကို သုံးပြီးတော့ SYKO ဆိုတဲ့ အပိုင်းတစ်ခုဆီလွှဲထားခဲ့ပါတယ်။ ဒါဆိုရင် File သာရှိရင် အဲဒီ့
    SYKO ဆိုတာကို လုပ်မှာပါ။
    အဲ.. အကယ်လို့များ file သာမရှိခဲ့ဘူးဆိုရင် စစချင်းရေးခဲ့တဲ့ Program မှာ လိုရပ်သွားမှာဆိုးတဲ့ အတွက် goto end
    ဆိုပြီးတော့ နောက်တစ်လိုင်းစစ်ခဲ့ပါတယ်။ ထိုသို့ စစ်ခြင်းအားဖြင့် File
    မရှိတော့ရင် Program ရပ်သွားချင်းမှ ရှောင်ဖယ်နိုင်မှာဖြစ်ပြီးတော့
    Program က နောက်တစ်လိုင်းကို အလိုလိုဆင်းဖတ်ပြီးတော့ end ဆိုတဲ့
    အပိုင်းကို ရောက်သွားမှာပါ။ ဒါဆိုရင် User အတွက်လည်း doesn’t exist ဆိုတဲ့
    message ကို ပြန်လည်မြင်စေမှာဖြစ်ပါတယ်။
    ဒီလောက်ဆိုရင် IF နဲ့ ဖိုင်ရှိတာကို စစ်ပုံစစ်နည်းနားလည်ပြီလို့ ထင်ပါတယ်။
    ဆက်လက်ပြီးတော့ File မရှိတာကို စစ်ကြည့်ကြရအောင်
    ရေးသားပုံကတော့ ခုနကနဲ့ တူတူပါဘဲ။
    IF NOT EXIST FILENAME Command
    ဥပမာလေးရေးကြည့်ရအောင်
    IF NOT EXIST c:\syko.txt ECHO It doesn’t Exist
    Code အလုပ်လုပ်ပုံကို အပေါ်မှာရှိတဲ့ exist နဲ့ တူတဲ့အတွက်ထပ်မရှင်းပြတော့ပါဘူး။
    ဒီလောက်ဆိုရင် NOT ထည့်သုံးတာလည်း သိလောက်ပြီလို့ထင်ပါတယ်။
    ****************************************************************************
    သတိပြုရန်၊၊ ၊၊ ကျနော်တို့ဟာ တစ်ချိန်တည်းမှာပင် IF ကို အခါခါသုံးပြီးတော့ File ရှိမရှိစစ်လို့ရတယ်ဆိုတာကို သိစေလိုပါတယ်။ အသုံးပြုလို့ရအောင်
    တစ်ကြောင်းရေးပြပါ့မယ်။
    >>> IF EXIST c:\autoexec.bat IF EXIST c:\autoexec.bak ECHO Both Exist br/> ****************************************************************************
    အပေါ်မှာကျနော် ရေးပြခဲ့တာတွေက File ရှိမရှိကိုဘဲ စစ်လို့ အဆင်ပြေတာပါ။ အကယ်လို့များ ကျနော်တို့ဟာ directories တစ်ခုရှိမရှိကို စစ်ချင်ပြီဆိုရင်တော့ အခက်တွေ့ပါပြီ။ အဲဒီ့လို
    အခြေအနေမျိုးမှာတော့ NULL ဆိုတာလေးက အသုံးတည့်ပြီပေါ့ဗျာ။ NULL ဆိုတာကတော့
    ဘာမှမရှိတာပါ။
    DOS ကနားလည်တာကတော့ Directory တစ်ခုမှာ NULL ဆိုတဲ့ Folder တစ်ခုရှိပါတယ်တဲ့။ (ကျနော်လည်းမသိဘူး Google ပြောတာ။ )
    ဒါဆို ကျနော်တို့ c:\windows ဆိုတာများရှိလေမလားလို့
    စစ်ဆေးကြည့်ရအောင်လားဗျာ။ အဲဒီ့လို စစ်ဆေးဖို့ကတော့ လွယ်လွယ်လေးပါ အပေါ်မှာ
    ကျနော်တို့ ရေးခဲ့သလို IF EXIST ကို ဖြည့်ရေးသွားရုံပါ။ အောက်က Code ကို
    ကြည့်လိုက်ပါ။
    IF EXIST c:\windows\nul ECHO c:\windows exists
    အဲဒီ့လိုနည်းမျိုးနဲ့ဘဲ Drive တစ်ခုဟာ ခွင့်ပြုထားတဲ့ Drive ဟုတ်မဟုတ်စစ်နိုင်ပါသေးတယ်။ အောက်က Code ကို ကြည့်ကြည့်ပါ။
    IF EXIST c:\io.sys ECHO Drive c: is valid
    ဒီလောက်ဆိုရင် File ရှိမရှိကို IF နဲ့
    စစ်ခြင်းနဲ့ ပတ်သက်လို့ အားလုံး စုံသွားပြီဖြစ်လို့ နောက်တစ်ခန်းမှာ User
    ရိုက်လိုက်တဲ့ Parameter တွေကို စစ်ပြီးတော့ အလုပ်လုပ်သွားပုံကို
    ရှင်းပြပါ့မယ်။


    IF နဲ့ parameter ကို ဘယ်လို တိုက်ဆိုင်စစ်ဆေးမလဲဆိုတာကိုတော့ အောက်က if ရဲ့ေ၇းပုံရေးနည်း (syntax) ကို ကြည့်ကြည့်ပေးပါ။
    IF [NOT] string1==string2 Command
    အပေါ်မှာပေးထားတဲ့ Code ကို အောက်ကဥပမာလေးနဲ့လေ့လာကြည့်ရအောင်။
    @echo off
    if %1==cp goto COPY
    goto DEL
    :COPY
    Copy %2 C:\Users\Administrator\Desktop\
    echo You have copied %2 to your desktop
    goto :END
    EL
    Del %2
    echo Delete Process Completed.
    :END
    ဒီ ဥပမာလေးကတော့ ကျနော် ဟိုးအရင်ကစာအုပ်တစ်အုပ်ကနေတွေ့ထားတာလေးပါ။ စာဖတ်သူ ပိုမိုနားလည်စေဖို့အတွက် ကျနော် ပြန်ဖြည့်ရေးထားပါတယ်။ သူရေးသွားတဲ့
    ပုံစံလေးကတော်တော် ကောင်းပါတယ်။ (အဲဒီ့စာအုပ်ထဲမှာကရေးသာရေးထားတယ် Code
    ကတိုကလည်းတိုသေးတယ် ရှင်းကမရှင်းပြထားဘူးဆိုတော့ ဘယ်လို ပြန်ရှင်းရင်
    အစ်ကိုတို့ အစ်မတို့ နားလည်မလဲဆိုတာကို စဉ်းစားလိုက်ရတာ ကျနော့်မှာ
    တော်တော် တိုင်ပတ်သွားသေးတယ်။ ခုတော့ အိုကေသွားပါပြီ။ သူ့မူရင်း Code
    လိုလည်း တိုနှံ့နှံ့ဟုတ်တော့ဘူး။ နည်းနည်းရှည်သွားဘီ။ နားလည်ဖို့လည်း
    လွယ်သွားပါပြီ။ )
    ဒီ Forum ထဲမှာ code ကို ဒီအတိုင်းကြည့်ရင်တောင် နားလည်နေတဲ့ အဆင့်ကို
    ရောက်နေတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ နားမလည်သေးတဲ့သူတွေအတွက်လည်း
    ကျနော်ရှင်းပြပေးပါ့မယ်။ နားလည်ပြီးသားဆိုရင်လည်း ကျနော်ရှင်းတာ
    လိုသွားရင် ဖြည့်ပြောပေးကြပါဦး။
    ဒီဥပမာမှာဆိုရင် ကျနော်တို့ဟာ parameter ၂ ခုကို သုံးသွားပါတယ်။ ပထမ parameter ကို သုံးထားတဲ့နေရာကတော့ IF statement နဲ့ cp ဆိုတဲ့ parameter တစ်ခုကို %1 ဆိုတဲ့ user ဆီက ၀င်လာမယ့် ကောင်နဲ့
    တိုက်စစ်ပါတယ်။ အကယ်လို့ တူတယ်ဆိုရင်တော့ COPY ဆိုတဲ့ Function ဆီကို
    သွားပြီးတော့ copy အလုပ်ကို လုပ်မှာဖြစ်ပါတယ်။ ဒါမှမဟုတ်ဘဲနဲ့
    မတူခဲ့ရင်တော့ DEL ဆိုတဲ့ Function ဆီကို ရောက်မှာ ဖြစ်ပါတယ်။
    ဒုတိယ parameter ကတော့ %2 ပါ။ %2 ကိုတော့ file name ကို လက်ခံရန်အတွက်
    အသုံးပြုထားပါတယ်။ ကျနော်တို့ဟာ 1st parameter မှာ cp မရိုက်ထည့်ဘဲ
    တခြားဟာသာ ၀င်လာခဲ့ရင်တော့ DEL Function ဆီကို ရောက်လာမှာဖြစ်ပြီးတော့ %2
    ဖြစ်တဲ့ ကျနော်တို့ သတ်မှတ်ပေးမယ့် file က ပျက်သွားမှာဖြစ်ပါတယ်။
    အပေါ်က ဥပမာလေးကို run ရင် ဘယ်လို run ရတယ်ဆိုတာ ပြောပြပေးပါ့မယ်။ ကျနော် FOR Looping အကြောင်းရှင်းပြခဲ့တုန်းက တစ်ခါ ဒီလို ပုံစံမျိုးရေးပေးဖူးပါတယ်။
    မေ့သွားတဲ့ သူတွေ အတွက် ပြန်ရှင်းပြပေးတာပါ။
    —————————————————————————Program Run ပုံ အဆင့်ဆင့်—————————————————————-
    Desktop ပေါ်မှာ Test ဆိုတဲ့ နာမည်နဲ့ Folder အသ

      Current date/time is Fri Apr 26, 2024 4:30 am