ကျနော်ဖတ်ခဲ့ဘူးသောစာများ



Join the forum, it's quick and easy

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

Would you like to react to this message? Create an account in a few clicks or log in to continue.
ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ

အသုံးဝင်သောကွန်မန်းလေးများ Index
1

    အသုံးဝင်သောကွန်မန်းလေးများ

    avatar


    Points : 0
    Join date : 1969-12-31

    အသုံးဝင်သောကွန်မန်းလေးများ Empty အသုံးဝင်သောကွန်မန်းလေးများ

    Post   Wed Sep 22, 2010 10:17 am

    Windows Command တွေက တကယ်တမ်းတော့ အများကြီးပါပဲ။ ဒါပေမဲ့ လေ့လာတဲ့သူတစ်ယောက်တဲ့ အနေနဲ့တော့ အဲဒါတွေ အကုန်သိစရာမလိုပါဘူး။ ကိုယ်နဲ့ဆိုင်ရာဆိုင်ရာလောက်ကိုသာ သိထားရင် ဖြစ်ပါတယ်။ ဥပမာ Network သမားတစ်ယောက်အတွက် nslookup တွေ ping တွေလို အစရှိတဲ့ Network နဲ့ ပတ်သတ်တဲ့ Command တွေလောက်ပဲ သိထားရင် အဆင်ပြေပါတယ်။

    အခုဒီပို့စ်မှာတော့ ကျွန်တော်တို့လည်း အမြဲတမ်းသုံးဖြစ်တဲ့ တကယ်လည်း အသုံးကျတဲ့ command တွေကို ကျွန်တော်ရေးပေးသွားပါ့မယ်။ တော်တော်များများလည်း သိပြီးသားဖြစ်ချင်ဖြစ်ကြမှာပါ။ ဒါပေမဲ့ သုံးနေတဲ့
    command တွေကိုပဲ Parameter တွေ Switch တွေထည့်လိုက်တဲ့အခါ ပိုပြီးအစွမ်းထက်သွားတဲ့အကြောင်းကို ကျွန်တော့်ကိုယ်တွေ့လေးတွေနဲ့ 1ယှဉ်ပြီး ရေးသွားပါဦးမယ်။ ဒါပေမဲ့ ကျွန်တော်သိထားတာတွေက Network နဲ့ ပတ်သတ်တာတွေနဲ့ ဗိုင်းရပ်စ်သတ်တဲ့အခါမှာ အသုံးကျတဲ့ command တွေပဲ ရှိပါတယ်။

    dir /ah

    dir ဆိုရင် directory တစ်ခုအောက်မှာရှိတဲ့ Subfolder တွေ ဖိုင်တွေရဲ့ List ကို ပြပေးနိုင်ပါတယ်။ ဒါဟာ သိပ်မထူးဆန်းပါဘူး။ ကျွန်တော်တို့တွေ Explorer ကနေလည်း ကြည့်ရနေတာပဲ မဟုတ်လား။ ဒါပေမဲ့ /ah လို Parameter နဲ့ တွဲသုံးလိုက်မယ်ဆိုရင် Explorer မှာ မရနိုင်တဲ့ Features တွေကို ရနိုင်ပါလိမ့်မယ်။ ဥပမာ ကျွန်တော်က Stick တစ်ခုကို ပီစီမှာ တပ်လိုက်တယ်။ အဲဒီ Stick ထဲမှာ ဗိုင်းရပ်စ်ရှိလား မရှိဘူးလားဆိုတာကို ကျွန်တော်သိချင်တယ်ဆိုပါစို့။ ပီစီမှာက Antivirus လည်းမရှိဘူး။ ကံဆိုးစွာနဲ့ Folder Option ပျောက်နေတဲ့ အတွက် Hidden File တွေကို မမြင်နိုင်ဘူးဆိုပါစို့။ အဲဒီလိုအခြေအနေမှာဆိုရင် cmd ထဲမှာ Stick ရဲ့ Drive Letter ထိ ရောက်အောင်သွားပြီး dir /ah ကို သုံးလိုက်ရင် Hidden တွေ တန်းစီမြင်ရပြီလေ။ ဗိုင်းရပ်စ်တော်တော်များများကလည်း Hidden အနေနဲ့ တည်ရှိကြတာဆိုတော့ တွေ့ရင် del နဲ့ ဆော်လိုက်ရုံပဲလေ။ dir /ah မှာ a က attribute ကို ပြောတာပါ။ /a ရဲ့နောက်မှာ ကိုယ်ကြိုက်တဲ့ File attribute တွေကို ထည့်ပေးလို့ ရပါတယ်။ ဥပမာ dir /as ဆိုရင် System Files တွေကိုပဲ ပြပေးပါလိမ့်မယ်။
    ဒါကတော့ attribute တွေ အပြည့်အစုံပါ။

    D Directories R Read-only files
    H Hidden files A Files ready for archiving
    S System files I Not content indexed files
    L Reparse Points - Prefix meaning not

    attrib ကတော့ attributes ရဲ့အတိုကောက်ပါ။ attributes ဆိုတာ မြန်မာလို အရည်အချင်းပါ။ attrib အသုံးပြုနည်းကို သိချင်ရင် cmd ထဲမှာ attrib /? လို့ ရိုက်ထည့်ပြီး ကြည့်လို့ရပါတယ်။ attrib မှ မဟုတ်ပါဘူး။ cmd ထဲမှာ ဘယ် command မဆို အသုံးပြုနည်းကို သိချင်ရင် command ရဲ့နောက်မှာ space တစ်ချက်ပုတ်ပြီး /? ထည့်ပြီး Enter ခေါက်ကြည့်လို့ရပါတယ်။
    ကဲ..သူက ဘယ်လိုအသုံးကျသလဲဆိုတော့..


    ဗိုင်းရပ်စ်တွေဟာ သူတို့ကိုယ်သူတို့ hidden လုပ်ထားပါတယ်။ read only လည်းပေးထားတယ်။ ပိုပြီး အမြင်ကတ်စရာကောင်းတာက သူတို့ကိုယ်သူတို့ system file တစ်ခုအနေနဲ့ သတ်မှတ်ထားတာပါပဲ။ hidden တွေ read only တွေက Explorer ထဲမှာ အဲဒီဖိုင်လေးပေါ် Right Click လုပ် Properties ကို ရွေးပြီး Check Box က အမှန်ခြစ်လေးတွေ ဖြုတ်ပေးရင် ရပေမဲ့ System attirbute အဖြစ် ပေးထားတာကိုတော့ အဲဒီ Explorer နဲ့ လုပ်လို့မရတော့ပါဘူး။ ဒီတော့ ကျွန်တော်တို့က cmd ထဲမှာ attrib ကို သုံးပြီး ဗိုင်းရပ်စ်ဟာ သူ့ကိုယ်သူ system ဖိုင်အဖြစ်သတ်မှတ်ထားတာကို ဖြုတ်ပစ်ရပါတယ်။ ပြီးတဲ့အခါမှာမှ del ကို သုံးပြီး ဖျက်ပစ်ရပါတယ်။ တစ်ခု သတိထားရမှာက attributes တွေ မဖြုတ်ဘဲ အဲဒီဖိုင်ကို ဘယ်လိုမှ ဖျက်လို့မရပါဘူး။


    Usage ကတော့
    attrib –s –h –r filename ပါ။
    -s ဆိုတာ system attribute ပေးထားတာကို ဖြုတ်မယ်လို့ပြောတာပါ။ -r က read-only ကို ဖြုတ်မယ်၊ -h က hidden လုပ်ထားတာကို ဖယ်မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
    ဥပမာ ကျွန်တော် kavo ဗိုင်းရပ်စ်ကို သတ်မယ်ဆိုပါစို့။ သူက C:\Windows\System32 အောက်မှာ ၀င်သွားတယ်လေ။ အဲဒီတော့ cmd ထဲမှာ windows\system32 ထိ ရောက်အောင်သွားပြီး attrib –s –h –r kavo.exe လို့ရိုက်ပြီး Enter ခေါက်လိုက်ပါတယ်။ ပြီးတော့မှ del kavo.exe ဆိုပြီး သူ့ကို ဖျက်ပစ်လို့ရသွားပါပြီ။

    ကျွန်တော်မှတ်မိသလောက် kavo ကို သတ်ခဲ့တုန်းက အခုအတိုင်းဖျက်လည်း ပြန်ပြီး ပေါ်လာခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုင်းရပ်စ်တွေရဲ့သဘောတရားက သူတို့မှာ အမြဲတမ်း ဖိုင်နှစ်ဖိုင်လောက် ပါပါတယ်။ a ရှိနေသလားဆိုတာကို b က အမြဲတမ်းစောင့်ကြည့်နေတယ်။ a ကို ဖျက်လိုက်ရင် b က a ကို ပြန်ပြီး ဖန်တီးပါတယ်။ kavo ဆိုလည်း အဲဒီအတိုင်းပါပဲ။ kavo.exe ကို ဖျက်လိုက်လည်း သူက ပြန်ပြီး ပေါ်လာတယ်။ ဘာကြောင့်လဲဆိုတော့ kavo.exe ရှိမရှိကို kg2v.com ဆိုတဲ့ ဖိုင်လေးက အမြဲတမ်းကြည့်နေလို့ပါပဲ။


    Techinical အရပြောရရင် ဗိုင်းရပ်စ်သတ်မယ်ဆိုရင် သူတို့ရဲ့ Host Program ကို တွေ့အောင်ရှာရပါတယ်။ ပြီးတော့ ဗိုင်းရပ်စ်အများစုဟာ Windows Folder အောက် ဒါမှမဟုတ် Windows\System32 အောက်မှာ အမြဲတမ်း ခိုအောင်းနေလေ့ရှိပါတယ်။ ပြီးတော့ Drive တွေအောက်မှာလည်း(C:,D:) ခိုအောင်းလေ့ရှိပါတယ်။ Host Program ကို ရှာတွေ့ဖို့ဆိုတာကလည်း အချိန်တော့ပေးရပါတယ်။ ပထမဆုံး System32 အောက်မှာပါတဲ့ ၀င်းဒိုးက တစ်ကယ်သုံးတဲ့ exe ဖိုင်တွေစာရင်း၊ com ဖိုင်တွေစာရင်းကို အလွတ်နီးပါး သိထားရပါမယ်။ ဒါမှ မသင်္ကာတဲ့ ဗိုင်းရပ်စ်ရဲ့ exe ဖိုင်ကို ရှာနိုင်မှာပါ။

    ဒီနေရာမှာ အရမ်းရှုပ်ထွေးတဲ့ ဗိုင်းရပ်စ်တွေကိုတော့ ဒီအတိုင်းသတ်လို့ မရတော့ပါဘူး။ Antivirus သုံးရပါမယ်။ Antivirus ဟာ ဗိုင်းရပ်စ်တွေကို သတ်ရုံပဲသတ်ပေးပါတယ်။ ဗိုင်းရပ်စ်က မွှေသွားတဲ့ Registy တွေ၊ Windows Setting တွေကိုတော့ လုံးဝမပြင်ပေးနိုင်ပါဘူး။ အဲဒီတော့ ဗိုင်းရပ်စ်သတ်မယ်ဆိုပြီး Antivirus တစ်ခုတည်း သုံးမရပါဘူး။ Removalable Tool တွေ သုံးရပါတယ်။ Removal Tool သုံးဖို့ဆိုတာကလည်း ရမ်းသုံးလို့ မရပါဘူး။ စက်ကို ကိုက်တဲ့ ဗိုင်းရပ်စ်ရဲ့ နာမည်ကို သိရပါလိမ့်မယ်။ Win32 ဗိုင်းရပ်စ်ထင်တာပဲဆိုပြီးတော့ မလုပ်ပါနဲ့။ ဗိုင်းရပ်စ်မှန်သမျှဟာ win32 ချည်းပါပဲ။ 32 bit Windows တွေကို ကိုက်တဲ့ဗိုင်းရပ်တွေမို့ win32 ဆိုပြီး Antivirus Company တွေက နာမည်ပေးထားတာကို သတိရစေချင်ပါတယ်။ ဥပမာ Win32.Kido ဆိုပြီး အတိအကျသိရပါလိမ့်မယ်။ ဒါကလည်း ခက်ခဲ့တဲ့ကိစ္စမဟုတ်ပါဘူး။ Antivirus မှန်သမျှဟာ သူတွေ့တဲ့ဗိုင်းရပ်စ်နာမည်တွေကို Report ထဲမှာ ဖော်ပြပေးပါတယ်။


    နောက်တစ်ခုက Antivirus က ဗိုင်းရပ်စ်ကို သိတယ်ဆိုတိုင်း သတ်နိုင်တယ်လို့ မယူဆပါနဲ့။ Detect ဖြစ်တာနဲ့ Treated လုပ်နိုင်တာနဲ့ မတူပါဘူး။ လက်ရှိ စာရေးနေတဲ့အချိန်ထိ Kaspersky ဟာ Win32.kido.ah ကို သိရုံပဲ သိပြီး မသတ်နိုင်သေးပါဘူး။ အဲဒီလိုအခြေအနေကျ ကျွန်တော်တို့ဟာ Google ထဲမှာ win32.kido.ah Removable Tool လို့ ရိုက်ပြီး kido ah ကို သတ်နိုင်တဲ့ Removale Tool ကို တွေ့အောင် ရှာရပါလိမ့်မယ်။ Microsoft ရဲ့ Malware Removable Tool (MRT) ကလည်း တော်တော်များများကို သတ်နိုင်ပါတယ်။

      Current date/time is Sat May 11, 2024 12:21 pm