ကျနော်ဖတ်ခဲ့ဘူးသောစာများ



Join the forum, it's quick and easy

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

Would you like to react to this message? Create an account in a few clicks or log in to continue.
ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ

အီးမေးသုံးသူများသတိထား Index
1

    အီးမေးသုံးသူများသတိထား

    avatar


    Points : 0
    Join date : 1969-12-31

    အီးမေးသုံးသူများသတိထား Empty အီးမေးသုံးသူများသတိထား

    Post   Sun Sep 26, 2010 8:43 am

    Google Company ကြီးက Free Gmail Account တွေကို လုံခြုံရေး မပေးနိုင်တော့ပါ။ ဒါကြောင့် Password မကြာမကြာ ပြောင်းဖို့လိုပါတယ်။ Password ပြောင်းပြီး မကြာခင်မှာပဲ ဟက်ကာ (Hacker) ဖောက်ထွင်းရေး သမားတွေက ကိုယ့်ဂျီမေးကို ထပ်ဖောက်။ ထပ်ဝင်ကြည့်လို့ ရနိုင်ပါသေးတယ်။ ဒါကြောင့် ကိုယ့် Password ပြောင်းတာကို နောက်ထပ် မလိုက်နိုင်အောင် ကာဖို့အတွက် ကိုယ်သုံးတဲ့ စက်တွေမှာ Firefox Add-ons တွေက အခမဲ့ ပေးထားတဲ့ KeyScrambler 2.6.0 ရှိပါတယ်။ KeyScrambler 2.6.0 ကို ဒေါင်းလုပ်လုပ်ပြီး မိမိ Password အတော်အသင့် ကာကွယ်နိုင်ပါတယ်။http://www.qfxsoftware.com/download.htm

    ဒီပရိုဂရမ်က ကီးဘုတ်မှ ရိုက်နေတာတွေကို အမှန် လိုက်မှတ်လို့ မရအောင် (Fate data အဖြစ်ပြောင်းပေးတယ်) ကာပေးထားပါတယ်။ ဒီတော့ Password တွေကို အလွယ် လိုက်မရတော့ဘူးလို့ ယူဆလို့ ရပါတယ်။

    ဒါပေမဲ့ ၀ယ်သုံးတဲ့ ဆော့ဖ်ဝဲ လောက်တော့ မကာနိုင်ဘူးပေါ့။ သင့် Data တွေ အရေးကြီးတယ် ဆိုရင်တော့ အကာအကွယ် ဆော့ဖ်ဝဲတွေ ၀ယ်သုံးနိုင်ရင် ကောင်းပါတယ်။

    လျှို့ဝှက်ရေးလုပ်ငန်းတွေ လုပ်နေသူများအတွက်ကတော့ အီးမေးတွေ မသုံးတာ ကောင်းပါတယ်။ သုံးရင်တောင် အရင် စစ်မြေပြင်တွေမှာလိုပဲ။ ကိုယ်ပိုင် အတိုဝှက်တွေ ဆိုက်ဖာတွေ ကိုင်ပြီး သုံးကြဖို့ တိုက်တွန်း နှိုးဆော် လိုက်ရပါတယ်။ ဒီလို လုပ်ဖို့ မလိုပါဘူး။ ရပါတယ်လို့ ဆိုရင်ဖြင့် နအဖ အင်တာနက် ထောက်လှမ်းရေးက သနားတယ်လို့ ပြောနေမှာ ဧကန် မလွဲပါခင်ဗျား။

    အလကား ပေးနေတဲ့ Hotmail တို့ Yahoo mail တို့ကတော့ သူတို့မေးလ်တွေနဲ့ ပတ်သက်ပြီး လုံခြုံရေး တာဝန် မယူတာတော့ ကြာလှပါပြီ။ အခုတော့ လုံခြုံရေးမှာ စိတ်ချရပါတယ်ဆိုတဲ့ အလကားရနေတဲ့ အကောင့်တွေထဲက Google Company ကြီးရဲ့ ဂျီမေး အကောင့်တွေ မလုံခြုံတော့တဲ့ အခြေ ဆိုက်လာပါပြီ။

    ဒါကြောင့် ဒီကနေ့ အရေးကြီးဆုံးက ဘာလဲ လို့ သင့်ကိုယ်သင် ပြန်မေးကြည့်လိုက်မယ် ဆိုရင် ???????????????

      Current date/time is Wed May 15, 2024 3:40 am