ကျနော်ဖတ်ခဲ့ဘူးသောစာများ



Join the forum, it's quick and easy

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

Would you like to react to this message? Create an account in a few clicks or log in to continue.
ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ

မှိုလိုပေါတဲ့ ဗိုင်းရပ်စ် ( VIRUS ) Index
1

    မှိုလိုပေါတဲ့ ဗိုင်းရပ်စ် ( VIRUS )

    avatar


    Points : 0
    Join date : 1969-12-31

    မှိုလိုပေါတဲ့ ဗိုင်းရပ်စ် ( VIRUS ) Empty မှိုလိုပေါတဲ့ ဗိုင်းရပ်စ် ( VIRUS )

    Post   Mon Sep 27, 2010 8:58 am

    မှိုလိုပေါတဲ့ ဗိုင်းရပ်စ် ( VIRUS )

    မှိုလိုပေါလာတဲ့ ... ဗိုင်းရပ်စ်တွေကြောင့် ကျွန်တော်တို့ မှာ... ဗိုင်းရပ်စ်ကို စစ်စေးပေးနိုင်၊ သတ်ပေးနိုင်သော anti-virus software တွေကို ပြောင်းလဲ၍ အသုံးချလာရပါတယ်။ <Kaspersky, symantec, AVG... တို့ စသည်ဖြင့် ပေါ့လေ... > တချို့ ကြတော့လည်း ပြောင်းမသုံးတော့ပဲ Antivius software ကို နှစ်မျိုးသုံးမျိုးလောက်ကိုတင်သုံးကြပါတယ်... ဒါပေမဲ့အဲလို တင်သုံးထားတဲ့ စက်ကသိသိသာသာပဲ စက်ကိုလေးသွားစေပါတယ်... တချို့ software ကြပြန်တော့ စက်တလုံးထဲမှာ တွဲတင်လို့ မရတဲ့ ပြဿနာလေးတွေကြုံရ ပြန်ပါတယ်။ ဒါဆိုရင်အကောင်းဆုံးဘယ်လိုဖန်တီးမလဲပေါ့... ကျွန်တော်ကတော့ ကျွန်တော့်စက်မှာ... Symantec End Point Protection antivirus software တခုကိုပဲ virus update လုပ်ပြီးသုံးပါတယ်... ဒါဆိုရင် လုံလောက်မှုရှိပြီလားပေါ့... ဘယ်လုံလောက်မှုရှိမလဲ ဗိုင်းရပ်စ်က၀င်တာပဲ... virus update လုပ်ရဲ့ သားနဲ ဘာဖြစ်လို့ ဗိုင်းရပ်စ်ဝင်တာလဲဆိုတော့အဖြေကရှင်းပါတယ်... symantec software ကမသိသေးတဲ့  virus အမျိုးအစားဖြစ်နေလို့ ပါ။ ဒါဆို ဘယ်လိုလုပ်ကြ မလဲပေါ့... ရှာပြီပေါ့... google ကနေပြီး... အဲဒီ symantec ကမနိုင်တဲ့  virus ကိုသတ်ဖို့ ဆိုပြီးတော့။ အဲလိုရှာလိုက်တာ ကျွန်တော် Kaspersky virus removal tool တခုရလာပါတယ်။ သူကို install လုပ်ပြီးသုံးလိုက်ပါတယ်။ အဲဒီမှာ ကောင်းတဲ့ အချက်ကဘာကိုသွားတွေ့ လဲဆိုတော့ သူ install လုပ်သွားတဲ့ လမ်းကြောင်းက program file အောက်မှာ မဟုတ်ဘဲ.. Desktop ပေါ်မှာ Folder လေးတခုတည်ဆောက်ပြီးတော့ ထည့်သွင်းသွားပါတယ်။ ပြီးလျှင် Virus တန်းစစ် ယုံပါပဲ။ စစ်ပြီးလို့ ပိတ်မယ်ဆိုရင်လည်းသူက တခါတည်း Uninsatll လုပ်မလားလို့ မေးပါတယ်။ အသုံးမပြုလိုတော့ရင် တခါတည်းဖျက်ပလိုက်လို့ ရပါတယ်။ တခြား software တွေနဲ့ မတဲ့ တာလဲမရှိဘူး လေးလံတာလဲမရှိဘူး... ဆိုတော့ ကျွန်တော့်အတွက်တော့ အိုကေလို့ စိုပြေသွားပါတယ်... ၀င်နေတဲ့ virus လဲ ဂိသွားတယ်ဆိုတော့ အစွမ်းထက်တယ်လို့ ဆိုရပါမယ်။ Kaspersky removal tool ကိုလိုချင်ရင်တော့ http://avptool.virusinfo.info/en/ ကနေ Download လုပ်ပြီးယူလိုက်ပါခင်ဗျာ။ အဲဒီ site မှာ Kaspersky virus removal tool ကို အမြဲတန်း ရက်အလိုက် Update လုပ်ပေးထားတဲ့ အတွက် virus အသစ်အစမ်းတွေကို မမိစရာ..မရှိလောက်အောင်ပင်ကောင်းလှပါသည်ဟု ထင်မြင်မိပါသည်။

      Current date/time is Wed May 15, 2024 12:21 am