ကျနော်ဖတ်ခဲ့ဘူးသောစာများ



Join the forum, it's quick and easy

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

Would you like to react to this message? Create an account in a few clicks or log in to continue.
ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ

Reset Password Windows 7 Login Index
1

    Reset Password Windows 7 Login

    avatar


    Points : 0
    Join date : 1969-12-31

    Reset Password Windows 7 Login Empty Reset Password Windows 7 Login

    Post   Mon Sep 27, 2010 10:25 am

    Windows Login Password ကို Reset ချဖို့အတွက် HIREN'S BOOT CD 10.0 ခွေ လိုအပ်ပါတယ်။ မရှိရင် Softwar ခွေ အရောင်းဆိုင်မှာ ဝယ်လိုက်ပေါ့နော်။

    ၁။ HIREN'S BOOT CD ကို ကွန်ပျူတာတွင် ထည့်ပြီး Boot တက်လိုက်ပါ။

    ၂။ Start Boot CD ကိုရွေးလိုက်ပါ။



    ၃။ Password & Registry Tools ကို ရွေးပေးပါ။



    ၄။ Active Password Changer 3.0.420 ( NT, 2000, XP, 2003, Vista ) ဆိုသည့် စာကြောင်းကို ရွေးပြီး Enter ခေါက်လိုက်ပါ။



    ၅။ အဲဒီမှာ စက်တွင် တပ်ဆင်ထားသော CD Drive or DVD Drive ကိုစစ်ဆေးပါမည်။ ပေါ်လာသမျှကို Enter တွေသာ ခေါက်ပေးလိုက်ပါ။ နောက်ဆုံး Active Password Changer ထဲကို ရောက်လာပါမယ်။

    ၆။ အဲဒီမှာ ရွေးချယ်စရာ သုံးမျိုးကို တွေ့နေပါမည်။ နံပါတ် ၁ က Choose Logical Drive သူက ကိုယ်ကိုတိုင် Drive Letter ကိုရွေးချယ်ပြီး ပြင်ဆင်မှု ပြုမှာ ဖြစ်ပါတယ်။ နံပါတ် ၂ က Search for MS SAM Database on all hard disks and logical drives လို့ပြောထားတဲ့အတွက် HardDisk Drive အားလုံးကို ရှာဖွေပြီးမှ ပြင်ဆင်မှု ပြုလုပ်မှာ ဖြစ်ပါတယ်။ နံပါတ် ၃ က Exit ဆိုတော့ ပြန်ထွက်မယ်ပေါ့။ အဲဒီတော့ ဆက်သွားဖို့အတွက် 1 ကိုရွေးပါ ( 1 မှာနှိပ်ပါ။ ) Enter ခေါက်ပါ။



    ၇။ နောက်တဆင့် အနေဖြင့် ဘယ် Partitin အပိုင်းကို ရွေးချယ်ပြီ စစ်မလဲဆိုတာပါ။ အဲဒီမှာ ကိုယ် တကယ် Windows တင်ထားတဲ့ အပိုင်းကို မှန်အောင်ရွေးပေးရပါမည်။ Windows 7 တင်ထားသူအတွက်တော့ 2 ကိုရွေးချယ်ပေးရပါမယ်။ Enter ခေါက်ပါ။



    ၈။ မိမိရွေးချယ်လိုက်သည့် အပိုင်းအား စတင်ပြီး MS SAM Database ဖိုင်ရှိမရှိစစ်ပါပြီ။ Windows တင်ထားသည့်အပိုင်းမှန်ကန်ခဲ့ပါက အောက်တွင်ဖော်ပြထားသော ပုံပါအတိုင်း တွေ့ရှိသည့် လမ်းကြောင်းကို ဖော်ပြနေပါမည်။ Enter ခေါက်ပြီး ဆက်သွားပေးပါ။



    ၉။ နောက်တဆင့် အနေဖြင့် မိမိ Windows ရှိ Administrator account, User account နဲ့ Guest account တွေကို မြင်နေရပါပြီ။



    ၁၀။ မိမိ Reset Password လုပ်ချင်သော User Account ၏ နံပါတ်ကို မှန်အောင်ရွေးပါ။ ကျွန်တော်ကတော့ Spaceboy ဆိုသည့် Account နံပါတ် 1 ကိုရွေးပါ။ Enter ခေါက်ပါ။

    ၁၁။ ဤအဆင့်တွင်တော့ မိမိရွေးချယ်သည့် Account ကို ဘယ်လို Operation လုပ်မလဲဆိုတာပါ။ Default အနေဖြင့် Password Never Expires နှင့် Clear this User's Account ဆိုတာကို ရွေးချယ်ပေးထားပါတယ်။



    ၁၂။ အထက်ပါ Setting အတိုင်းပဲ ထားပြီး ( Y ) ကို တစ်ချက်နှိပ်ပြီး Save လိုက်ပါ။ ပြီးလျင် Press any key to Continue လို့ပေါ်လာတဲ့ အတွက် Enter ခေါက်ပေးလိုက်ပါ။

    ၁၃။ Exit နဲ့ ပြန်ထွက်လို့ရပါပြီ။ ESC သုံးချက်လောက်နှိပ်လိုက်တာနဲ့ ရှေ့ဆုံးကို ပြန်လည် ရောက်ရှိသွားပါမယ်။ စက်ကို Restart ချပေးလိုက်ပါ။

    စက်တက်လာလျင်တော့ User Login Password မေ့နေလို့ ဝင်မရတဲ့ ဒုက္ခကနေ လွတ်ပြီပေါ့။ ဟုတ်ပြီလား။

      Current date/time is Fri Apr 26, 2024 6:27 am