ကျနော်ဖတ်ခဲ့ဘူးသောစာများ



Join the forum, it's quick and easy

ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကျနော်ဖတ်ခဲ့ဘူးသောစာများ

Would you like to react to this message? Create an account in a few clicks or log in to continue.
ကျနော်ဖတ်ခဲ့ဘူးသောစာများ

ကွန်ပျူတာ ၀ါသနာရှင်များအတွက် ကျွန်တော်သိသလောက်ပညာလေးတွေ၊ ကျွန်တော်တတ်သလောက်ပညာလေးတွေကိုမျှဝေထားချင်လို့ပါ။ ဒီ site ကိုအထင်ကြီးအောင်လုပ်ထားတာ မဟုတ် ဘူးဆိုတာ သိစေချင်ပါတယ်။ ကျွန်တော်လေ့လာခဲ့သမျှ၊ ကျွန်တော်သိခဲ့တဲ့ အကြောင်းအရာ ခပ်ပါးပါးလေးတွေပါပဲ။

Log in

I forgot my password

ကျနော်အကြောင်း

ကျနော်မျက်လုံးအနာခံပြီး ဖတ်ခဲ့ရသမျှကိုအလွယ်တကူ နဲ့လူတိုင်းအဆင်ပြေစေဖို့စု စည်းထားပေးတာပါ....... ကျေးဇူးမတင်ချင်နေပါ (တုတစ်ချက်ထုပြီးအဆင် ပြေတယ်ဆိုပေမယ့်တူတစ် ချက်ထုနိုင်ဖို့အချိန်တွေအများ ကြီးပေးဆပ်ခဲ့ရတယ်ဆိုတာ သိရင်ကျေနပ်ပါတယ်......)

ကြိုက်တာယူ

MUSIC RADIO

တန်းဖိုးရှိသောအချိန်လေးများ

password ရွေးချယ်ရာတွင် အများဆုံးပြုလုပ်မိတတ်သော အမှားငါးခု Index
1

    password ရွေးချယ်ရာတွင် အများဆုံးပြုလုပ်မိတတ်သော အမှားငါးခု

    avatar


    Points : 0
    Join date : 1969-12-31

    password ရွေးချယ်ရာတွင် အများဆုံးပြုလုပ်မိတတ်သော အမှားငါးခု Empty password ရွေးချယ်ရာတွင် အများဆုံးပြုလုပ်မိတတ်သော အမှားငါးခု

    Post   Sat Sep 04, 2010 8:56 pm


    အကောင့်အဟတ်ခံရတယ်ဆိုတဲ့အကြောင်းတွေကျွှန်တော်အမြဲကြားပါတယ်… နောက်တခါထပ်မဖြစ်အောင်ကာကွယ်ကြတာပေါ့….
    အောက်မှာဖော်ပြပေးမယ့် အန္တာရယ်ကြီးတဲ့အမှားတွေကိုသင်လုပ်မိနေပါသလား?
    နံပါတ်တစ် - သင်၏အကောင့်အားလုံးအတွက် တူညီသော password တစ်မျိုးတည်းကိုသာအသုံးပြုခြင်း
    ဒါဟာမလုပ်သင့်ပါဘူး အီးမေးအကောင့်တစ်ခုစီအတွက် မတူညီတဲ့ password များကိုသာသုံးသင့်ပါတယ် shopping website အတွက်ဆိုရင်ပိုလို့တောင် ခြားနားသင့်ပါတယ်…။
    နံပါတ်နှစ် - တိုသောpassword ကိုသုံးခြင်း
    စာလုံးများများပါရင် သင့်ရဲ့ password ကိုတခြားလူတစ်ယောက်ခန့်မှန်းရခက်ခဲစေမှာပါ ဒါကြောင့်ရှည်လျှားတဲ့ password ကိုအသုံးပြုသင့်ပါတယ်။
    နံပါတ်သုံး - Charlie,Sarah,Obama,Princess,Berbie,Gandalf သင့် password များပါသွားပြီလားမသိ…? Razz
    ပြောချင်တာက kid’s name, pet’s name တွေ nicknames တွေ ရုပ်ရှင်ထဲ စာအုပ်ထဲတွေက နာမည်တွေ celebrity တွေရဲ့နာမည်တွေ မသုံးသင့်ပါဘူး…။ ကျွှန်တော်ကမခန့်မှန်းနိုင်ရင်တောင် တခြားခန့်မှန်းနိုင်တဲ့သူရှိပါတယ်…။
    နံပါတ်လေး - မှတ်ရလွယ်ကူတဲ့ သာမန် English စကားလုံးများကို သုံးခြင်း
    မှတ်ရလွယ်ကူတယ်ဆိုတာ ခန့်မှန်းရလွယ်ကူတာနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ Dictionary ထဲမှာပါတဲ့ English စကားလုံးတွေကို မသုံးသင့်ပါဘူး..။ အကယ်လို့သာ သင့်ရဲ့ password ကို “password” ဒါမှမဟုတ် “test” လို့သာပေးထားတယ်ဆိုရင် အခုထိအဟတ်မခံရသေးတာ… တော်တော်အံ့သြစရာကောင်းပါတယ်.. Razz
    နံပါတ်ငါး- နံပါတ်များကိုသာသုံးခြင်း
    အထူးသဖြင့် မွေးနေ့လိုဟာမျိုး… အိမ်လိပ်စာ..။ မှတ်ပုံတင်အမှတ်.. ဖုန်းနံပါတ် စတာတွေကိုအသုံးပြုခြင်းမျိုးပါ..။ အဲဒါတွေအားလုံးက ခန့်မှန်းရလွယ်ကူစေပါတယ်..။
    အကောင်းဆုံး password တစ်ခုကိုရရှိဖို့အတွက် upper case ရော lower case ရော number ရော symbol တွေရော.. ပါဝင်တဲ့ဟာဖြစ်သင့်ပါတယ်..။ password ကောင်းကောင်းထုတ်ပေးနိုင်တဲ့ program တွေကိုလည်းသုံးနိုင်ပါတယ်..။
    အောက်က website တစ်ချို့ကိုလေ့လာကြည့်ပါ။
    www.fgroupsoft.com/Traysafe/

    passwordsafe.sourceforge.net/

    www.treepad.com/treepadsafe/

    ကိုယ့်အကောင့်ကို အဖောက်ခံရတယ်ဆိုတာ မကောင်းပါဘူး..။ ငွေကြေးနဲ့ဆိုင်တာမျိုးဆိုပိုဆိုးတာပေါ့.. ကိုယ့်ကိုယ်ကိုယ်ကောင်းကောင်းကာကွယ်နိုင်ပါစေ…။
    ဒီနည်းတွေသုံးလို့လည်း တစ်ရာရာခိုင်နှုန်းလုံခြုံမှာတော့မဟုတ်ပါဘူး… ဘယ်လိုပဲဖြစ်ဖြစ်အပြည့်အ၀ ပြီးပြည့်စုံတဲ့ security ဆိုတာမျိုးတော့ မရှိနိုင်ဘူးလေ..။ Very Happy

      Current date/time is Mon May 06, 2024 9:27 pm